သတင်း - CJMyanmar
၅-ဧပြီ-၂၀၁၂
ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။
ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။
ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။
၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။
၂. Security ကို click လုပ်ပါ။
၃. Secure browsing ပေါ် click လုပ်ပါ။
၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။
၅. Save Changes ကို နှိပ်ပါ။
ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။ ...
CJMyanmar မှ ပန်ကြားလွှာ
CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment