CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, March 27, 2012

ကျောက်ပန်းတောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ် မလာဖြစ်သော်လည်း ဟောပြောမည့် စင်မြင့်ကို ရွေးကောက်ပွဲ ပြီးသည် အထိထားမည်

သတင်း နှင့် ဓာတ်ပုံ - CJ Myanmar




၂၇-ရက်နေ့ ကျောက်ပန်းတောင်း- မကွေး ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်ကို ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်းလိုက်သည့် သတင်းအား ၂၅-ရက်နေ့ နေ့လည် ၂-နာရီဝန်းကျင်တွင် ကြားသိရကြောင်း ကျောက်ပန်းတောင်း မြို့ခံတစ်ဦးမှ CJMyanmar ကိုပြောကြားသည်။ ထိုသတင်း ကြားသိပြီးချင်း စည်းရုံးရေးခရီးစဉ်ကို စောင့်ဆိုင်းနေကြသော နယ်ခံများမှာ ဝမ်းနည်းမှုများ ဖြစ်ပေါ်ပြီး ကျောက်ပန်းတောင်း NLD ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင်ပင် စိတ်ထိခိုက်ကာ မူးလဲသွားကြောင်း မြိုခံ NLD ပါတီဝင် တစ်ဦးမှ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် အတွက် ကျန်းမာစေကြောင်း ဆုတောင်းပွဲကို ကျောက်ပန်းတောင်းမြို့ စေတီကြီး ဘုရား၌ ၂၆-ရက် ည ၇-နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူ ခြောက်သောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုတောင်းပွဲကို ယနေ့ ည ၇-နာရီတွင်လည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စည်းရုံးရေး ခရီစဉ် အတွင်း လူထုအား ဟောပြောမည့် စင်မြင့်ကိုလည်း ရွေးကောက်ပွဲ ပြီးသည်အထိ ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ မြိုခံ NLD ပါတီဝင်မှ CJMyanmar ကို ပြောကြားသည်။

ပုဂံ ရှေးဟောင်း ဘုရားများ၏ နံရံများတွင် ရှေးဟောင်း အမွေအနှစ်အား မသိနားမလည်သော သူများ၏ စာရေးသားမှုများကို CJMyanmar အဖွဲ့၏ ပုဂံ ခရီးစဉ်တွင် မှတ်တမ်း တင်ခဲ့ပုံ

ဓာတ်ပုံ - မောင်လှ

  

 ပုဂံ ရှေးဟောင်း ဘုရားများ၏ နံရံများတွင် ရှေးဟောင်း အမွေအနှစ်အား မသိနားမလည်သော သူများ၏ စာရေးသားမှုများကို CJMyanmar အဖွဲ့၏ ပုဂံ ခရီးစဉ်တွင် မှတ်တမ်း တင်ခဲ့ပုံ

Monday, March 26, 2012

A Big fire at MITT (Myanmar International Terminals Thilawa)

 
Photo - Thet Htoo




Photo - Kaung Htet



Photo & News - Kaung Htet
 Fire in Myanmar International Terminal Thilawa, started around 2:30 pm on 26th March,2012, destroyed tons of teak logs and many properties and the fire is still at large. © Kaung Htet

ONE TO ALL ပရဟိတ စုပေါင်းကူညီရေး ကွန်ယက် မန္တလေး၌ သွေးလှူဒါန်း

သတင်း နှင့် ဓာတ်ပုံ - CJ Myanmar... 


မန္တလေးမြို့ အခြေစိုက် "ONE TO ALL စုပေါင်း အင်အား (ပရဟိတ စုပေါင်း ကူညီရေး ကွန်ယက်)" မှ အသင်းသား အချို့သည် ၂၃.၃.၂၀၁၂ နေ့လည်ပိုင်း ၌ မန္တလေး၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်တွင် သွေးလိုအပ်နေသော ဝေဒနာရှင်များ အတွက် သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကာ အသင်း၏ လှုပ်ရှားမှု ပထမခြေလှမ်းအား စတင်ခဲ့ကြောင်း သတင်းရရှိသည်။ "ONE TO ALL စုပေါင်း အင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)" အား ၁၂၊ ၂၊ ၂၀၁၂ ပြည်ထောင်စုနေ့တွင် စတင် မိတ်ဆက် စည်းဝေးခဲ့ပြီး ၁၃၊ ၂၊ ၂၀၁၂၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် အတည်ပြု တည်ထောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ အဖွဲ့ဝင်အင်အား ၇၀ ကျော်နှင့် လည်ပတ်လျက်ရှိပြီး မန္တလေး ဖောင်တော်ဦး ဆရာတော်၊ အမရပူရ ဘ၀အလင်း ဆရာတော်တို့၏ သြ၀ါဒကို ခံယူကာ နာယကအဖြစ် ရှေ့နေကြီး ဦးအောင်မင်း (ဖုန်း - ၂၀၂၃၇၈၂)က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယခုအခါ အသင်းတွင် (၁၀)ဦးေ က်ာမတီဖွဲ့စည်းထားပြီး အသင်း၏ လုပ်ငန်းစဉ်များကို အခါအားလျော်စွာ စုဝေးတိုင်ပင် လျက်ရှိကြောင်း သိရသည်။ အဖွဲ့ဝင် အသင်းသား တစ်ဦးလျှင် ၃၀၀၀ ကျပ် နှုန်းဖြင့် လစဉ် အလှူငွေ ကောက်ခံ စုစည်းလျက်ရှိပြီး လစဉ် အလှူငွေ ကောက်ခံခြင်းကို ၂၀၁၂၊ ဖေဖော်ဝါရီလက စတင်ခဲ့ကြောင်း သိရသည်။ အသင်းတွင် အဖွဲ့မ၀င်ဘဲ လာရောက် လှူဒါန်းမှုများကိုလည်း လက်ခံကြောင်း သိရသည်။ ယခုအခါ အဆိုပါ ပရဟိတ အသင်းသည် ကောက်ခံ စုစည်းရရှိသော အလှူငွေများနှင့် ဘေးဒုက္ခရောက်နေသူများကို ကူညီရန် အသင့်ဖြစ်နေသည်။ "ONE TO ALL စုပေါင်းအင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)" နှင့် ဆက်သွယ်လိုသူများအနေဖြင့် - ဦးမြင့်ဝေဦး = ၀၂ ၆၂၀၆၉၊ ၀၉ ၂၀၁၇၃၈၂ ဦးဇော်မင်းဦး (အာကာမိုးဂက်စ်) = ၀၉ ၂၀၂၂၆၇၅ ဦးနေမင်းထိုက် = ၀၉ ၂၀၅၂၈၄၁ ရှေ့နေ ဦးမြတ်မင်းထွန်း (Unicef) = ၀၉ ၂၀၅၄၇၈၂ တို့ထံ ဆက်သွယ်လှူဒါန်း၊ အကူအညီ တောင်းခံနိုင်ကြောင်း သတင်းရရှိပါသည်။ "ONE TO ALL စုပေါင်းအင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)"၏ Gmail လိပ်စာမှာ onetoall.mdy@gmail.com ဖြစ်ပြီး Facebook လိပ်စာမှာ https://www.facebook.com/profile.php?id=100003630423469 ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်တွင် ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များက မဲပေးပုံ ပညာပေး ဖျော်ဖြေမည်

သတင်း နှင့် ဓာတ်ပုံ - Lazy Lynn
၂၆-မတ်-၂၀၁၂



မနက်ဖြန် (၂၇.၃.၂၀၁၂)ရက်နေ့တွင် ပြင်ဦးလွင်မြို့ ညံတောဘုရားကွင်းမှာ နိုင်ငံကျော် ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များက ပြင်ဦးလွင်မြို့ရှိ မိဘပြည်သူများ စနစ်တကျ မဲပေးတက်စေရန် မဲပေးပုံ ပညာပေး သရုပ်ဖော် တစ်ခန်းရပ် ပြဇာတ်နှင့် တေးသီချင်းများကို Metal Zone တီးဝိုင်းနှင့်အတူ အခမဲ့ သီဆို ဖျော်ဖြေပေးမှာ ဖြစ်ပါတယ် ...
ညနေ လေးနာရီမှာ စတင်မှာဖြစ်ပြီး လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ၀ိုင်း၊ ချစ်သုဝေ၊ သျှီ၊ ကော်နီ၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ လင်းလင်း၊ သအို၊ ဂျီလတ်၊ အနဂ၊ စိုးထက်၊ ဖြိုးကြီး၊ သံသာဝင်း၊ ရှင်ဖုန်း၊ အိမ့်ချစ် တို့ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ် ....  ဒီပွဲကို NLD က ကြီးမှူး ကျင်းပတာ ဖြစ်ပြီးတော့ အရင်က လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဦးလွင် အတွက် သီးသန့် မိန့်ခွန်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနဲ့ ပြသမယ်လို့ သတင်းရခဲ့ပေမယ့် အတိအကျတော့ မသိရသေးပါဘူး .... ပွဲခွင့်ပြုမိန့်ကိုလည်း ဒီညနေကျမှ အတိအကျ သိရတာဖြစ်ပါတယ် .... ...

Sunday, March 25, 2012

ပြင်ဦးလွင် အမတ်လောင်း ကိုကျော်သီဟ (NLD) အား မန္တလေး မှ နိုင်/ကျဉ်း ဟောင်းများ က အောင်နိုင်ရေး ကူညီ

သတင်း နှင့် ဓာတ်ပုံ - ကိုဝိုင်ဝိုင်ကေ
၂၅-မတ်-၂၀၁၂




ပြင်ဦးလွင်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုကျော်သီဟ ၏ အောင်နိုင်ရေး စည်းရုံးမှု ဆောင်ရွက်ရာသို့ မန္တလေးမြို့နှင့် နယ်များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုဝေးလျက် သွားရောက် ပူးပေါင်း ကူညီခဲ့ကြကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင် မြို့တွင်း လှည့်လည် စည်းရုံးခဲ့သည်။

HIV ကလေးငယ်များစောင့်ရှောက်ရန် သုခရိပ်မြုံ အဆောက်အဦ ပန္နက်ရိုက်မင်္ဂလာ ကျင်းပ

သတင်း နှင့် ဓာတ်ပုံ - ကိုဝိုင်ဝိုင်ကေ
၂၅-မတ်-၂၀၁၂


၂၅-၃-၁၂ နေ့ ၊ နံနက်က မန္တလေးမြို့ စက်မှုဇုန်ရှိ မြဝတီမင်းကြီး စာသင်တိုက် အတွင်းရှိ သတ်မှတ် ထားသော မြေနေရာတွင် HIV ကူးစက်ခံ ထားရသော ကလေးငယ်များ စောင့်ရှောက်ကုသ ပေးရာတွင် နေထိုင်ရန် အဆောက်အဦ ပန္နက်ချ မင်္ဂလာကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြဝတီမင်းကြီးဆရာတော် ဦးအရိယဝံသ နှင့် ရပ်မိ ရပ်ဖများ၊ လူမှုအသင်းအဖွဲ့များ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
 




ကျောက်ပန်းတောင်းမြို့ နယ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်ပြင်ဆင်နေ

သတင်း နှင့် ဓာတ်ပုံ - မောင်လှ
၂၅-မတ်-၂၀၁၂

ကျောက်ပန်းတောင်းမြို့ နယ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်ပြင်ဆင်နေပါတယ်။ စိတ်မကောင်းစရာ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့်  ခရီးစဉ် ဖျက်သိမ်း လိုက်ရပါတယ် ။ ဒီအကြောင်းကို တချို့ မြို့ ခံတွေ မသိရှိရသေးပါဘူး...
အောက်မှာ မြင်ရတဲ့ ပုံကတော့ ဒေါ်စုခရီးစဉ် အတွက် ကျောက်ပန်းတောင်းမြို့ ခံများ အားကြိုးမာန်တက် ပြင်ဆင်နေကြပုံပဲ ဖြစ်ပါတယ်။

Saturday, March 24, 2012

မန္တလေးတွင် လျှပ်စစ်မီးပျက်ချိန် ပိုများလာ

 
ယခုမတ်လဆန်းကတည်း မန္တလေးမြို့တွင် လျှပ်စစ်မီးများ လာချိန်ထက် ပျက်ချိန်က ပိုများလျက် ရှိပါသည်။ အလှည့်ကျ မီးပေးမည့် အချိန်ဇယားလည်း တရားဝင် aကြာ်ငြာခြင်း မရှိပဲ. အချိန် သတ်မှတ်ချက် မရှိ လာချင်တဲ့ အချိန်လာ ဖြတ်ချင်တဲ့ အချိန် ဖြစ်နေပါတယ်။ လျှပ်စစ်မီးကို အမှီသဟဲပြုနေတဲ့ အလုပ်များမှာ အချိန် မမှန်ကန်စွာ လျှပ်စစ်မီးကို ရရှိသဖြင့် များစွာ ဒုက္ခရောက် လျက်ရှိပါသည်။ မန်းလေးမြို့နေ ပြည်သူများအကြားလည်း ဘာကြောင့် လျှပ်စစ်မီး အချိန်မမှန်ကန်စွာ ပေးရလဲဆိုတဲ့  မေးခွန်းနဲ့အတူ ကောလဟာလ မျိုးစုံ ထွက်ပေါ်လာလျက် ရှိပါသည်။ လျှပ်စစ်မီး အချိန်မမှန်ကန်စွာ ပေးတဲ့အချိန် မီးစက်များ အသုံးပြုများလာသည်နှင့်အတူ ဓါတ်ဆီဈေး ဒီဇယ်ဈေးမှာလည်း ဈေးတတ်လာပါတယ်။

သိန်းတန် GSM ဖုန်းများနှင့် တွဲဖက် အသုံးပြုရန် အင်တာနက်ပါ အသုံးပြုနိုင်သော တန်ဖိုးနည်း touch screen handsets အသစ်များ ဈေးကွက်အတွင်းရောင်းချ

 
အသစ် ချထားပေးသည့် ၂ သိန်းတန် GSM ဖုန်းများနှင့် တွဲဖက် အသုံးပြုရန် အင်တာနက်ပါ အသုံးပြုနိုင်သော တန်ဖိုးနည်း touch screen handsets အသစ်များ ဈေးကွက်အတွင်းရောင်းချလျက်ရှိ ။ ၂၄-၃-၂၀၁၂

ကျွမ်းကျင်လုပ်သားများ ရှားပါးမှု နှင့် လုပ်အားခ ဈေးနှုန်းများ ဈေးတက်

သတင်းနှင့် ဓာတ်ပုံ - Shu Maung
၂၄-၃-၂၀၁၂
  ယခုနှစ်ပိုင်း အတွင်း နိုင်ငံ တ၀န်း ဆောက်လုပ်ရေး လုပ်ငန်းများ များပြားမှုကြောင့် ဆောက်လုပ်ရေး လုပ်သားများ ရှားပါးမှု နှင့် အတူ လုပ်အားခ ဈေးနှုန်းများ ဈေးတက်ခဲ့သည်ဟု ဆောက်လုပ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းမှ ကြားသိရသည်။ ယခုရက်ပိုင်းအတွင်း သင်္ကြန်အခါရက် နီးကပ်လာသော ကြောင့် နေရပ်ပြန်ကြ မည့် အလုပ်သမားများလည်းရှိရာ အခါမှီ လုပ်ငန်းပိုင်းအလိုက် ပီးစီးမှု နှောင့်နှေးကြန့်ကြာမှုများလည်း ရှိလာသည်ဟု ကြားသိရသည်။

သင်္ကြန်အခါတော်နီးလာသဖြင့် ခရီးသွားများ မန်းလေးသို့ ပိုမိုဝင်ရောက်

သတင်းနှင့် ဓာတ်ပုံ - Swar Lay


 
၂၄.၃.၂၀၁၂ သင်္ကြန်အခါတော်နီးလာသဖြင့် ခရီးသွားများ မန်းလေးသို့ ပိုမိုဝင်ရောက်လာမှုနဲ့ အတူ ကျွှဲဆည်ကန် ကားကွင်းမှာ လည်း ကားများ ပိတ်ဆို့ မှုတွေ ဟာပိုမိုများပြားလာပါတယ်။

Friday, March 23, 2012

Photo News 23-Mar-2012

သတင်း၊ဓာတ်ပုံ - Nyo Gyi
 
ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၁

ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၂

ကားလမ်းပေါ် နွားလှည်းမမောင်းရ လို့ ဘယ်သူပြောလဲ :)
 ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၃

ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၎

ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၅

ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၆


ယုန်နဲ့လိပ် အပြေးပြိုင်သလို ဆိုင်ကယ်နဲ့ နွားလှည်း အမြန်ပြိုင်ကြတော့မလား :)ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၇

ကိုရွှေရိုး နဲ့ မစပယ်  
ဆင်စီးမြင်းရံပြီး မန္တလေးမြို့ပေါ် အလှူလှည့် ဓာတ်ပုံ-၈

ကိုမောင်မောင်(မဇ္ဈိမလှို်င်း)ကွယ်လွန်ခြင်းနှစ်ပတ်လည် ကျောက်ရုပ်တစ်ခုသူ၏မိသားစုအားလှူဒါန်း

သတင်း-ဓာတ်ပုံ - ကျော်ဇေဝင်း
 

၂၂.၃.၂၀၁၂ ခုနှစ် မနက်၉နာရီက ကိုမောင်မောင် (မဇ္ဈိမလှို်င်း) ကွယ်လွန်ခြင်း ၁၇နှစ်မြောက် နှစ်ပတ်လည် တစ်ခုကို စစ်ကိုင်းမြို့ စစ်ကိုင်းတောင် ပေါ်ရှိ မဟာသမယ လွင်ပြင်မှာ ကျင်းပ ခဲ့ပါတယ်။ ကိုမောင်မောင် (မဇ္ဈိမလှို်င်း) ၏ ပရိတ်သတ်များ ၊ မိတ်ဆွေများမှ ကျောက်ရုပ် တစ်ခု ထုလုပ်ပြီး သူ၏ မိသားစုထံသို့ ပေးအပ် လှုဒါန်း ခဲ့ပါတယ်။


Thursday, March 22, 2012

ကမ္ဘာ့ ဥာဏ်တော် အမြင့်ဆုံး ဖြစ်မည့် ဒုက္ကရစရိယစရဏကျင့် မြတ်ဗုဒ္ဓရုပ်ပွားတော်

 
ကမ္ဘာ့ ဥာဏ်တော် အမြင့်ဆုံး ဖြစ်မည့် ဒုက္ကရစရိယစရဏကျင့် မြတ်ဗုဒ္ဓရုပ်ပွားတော်အား မန္တလေးမြို့ လမ်း ၃၀ နှင့် ၆၂-လမ်း ထောင့်တွင် တည်ရှိသော ဝေပုလ္လာရာမကျောင်းတိုက် အတွင်း တည်းထား ကိုးကွယ်ရန် ဆောက်လုပ် ပူဇော်လျှက် ရှိသည့် မြင်ကွင်းအား ၂၂-မတ်လ-၂၀၁၂ ရက်နေ့ ညနေပိုင်းတွင် တွေ့မြင်ရသည့် မြင်ကွင်း... ယင်းရုပ်ပွားတော်မှာ ပလ္လင်တော် အမြင့် ၁၀ တောင်နှင့် ရုပ်ပွားတော် အမြင့် ၃၇ တောင် ရှိကြောင်း သိရပါသည်...

Photo News

သတင်း၊ဓာတ်ပုံ - CJMyanmar
၂၂-မတ်-၂၀၁၂


၂၀-၃-၁၂ နေ့က ပြင်ဦးလွင်-မန္တလေး ပြေးဆွဲနေသော ရွှေမန်းမေ ကားလိုင်းမှ ကားတစ်စီးသည် အဆင်းလမ်း၌ နာမည်ကျော် မီးသတ်ကွေ့ အလွန် မိုင်တိုင် ၁၉/၂ အနီး ညာကွေ့ တွင် တိမ်းမှောက်ခဲ့သည်ကို ၂၂-မတ်-၂၀၁၂ ရက်နေ့တွင် တွေ့မြင်ရပုံများ



တရုတ်ပြည်ကို ရေနံ၊ ဓာတ်ငွေ့ စသည်များ ပို့မယ့် ပိုက်လိုင်းကြီးကို မူဆယ် မန္တလေး လမ်းတစ်လျှောက် သွယ်တန်းနေပါတယ်။ အဲသည် စီမံကိန်းအတွက် လိုအပ်သော ပိုက်လုံးကြီးတွေကို တရုတ်ကနေ မြန်မာပြည်ကို သယ်ပို့ပေးနေတဲ့ ကားကြီးတွေကြောင့် တခါတရံ လမ်းပိတ်ဆို့ပြီး ပုံမှန် သွားလာနေကျ ခရီးစဉ်များ နှောင့်နှေးနေရပါတယ်။



၂၀၁၂ မန္တလေးသင်္ကြန်တွင် မန္တလေးလူရွှင်တော်များစုပေါင်း၍ သံချပ်အလှပြယာဉ် ထွက်မည်...။

သတင်းနှင့် ဓာတ်ပုံ - ရဲဘော်သူရိန်
(မတ်-၂၂၊ ကြာသပတေး)

မန္တလေးလူရွှင်တော်များစုပေါင်း၍ ၂၀၁၂ မန္တလေးသင်္ကြန်တွင် နှစ်ပေါင်း အတော်ကြာ ပိတ်ပင်ခံထားရသော သံချပ်များထိုးခြင်းဖြင့် မန္တလေးပြည်သူများကို လှည့်လည်ဖျော်ဖြေမည်ဖြစ်ကြောင်း လူရွှင်တော် ပါပါလေးမှ CJ Myanmar သို့ ပြောကြားလိုက်သည်။ သံချပ်အလှပြယာဉ်ဒီဇိုင်းကို မန္တလေးကာတွန်းဆရာများမှ ပါဝင်ဖျော်ဖြေမည့် လူရွှင်တော်များ၏ ကယ်ရီကေးချားရုပ်ပုံများဖြင့် အလှဆင်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသော မြန်မာ့ရိုးရာသံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ ၃ရက် အလိုလောက်မှ စတင်လှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး ရရှိလာမည့် အလှူငွေများပေါ်မူတည်၍ သင်္ကြန် (၅) ရက်အတွင်း ဆက်လက်ဖျော်ဖြေနိုင်မည်ဖြစ်သည်။ မန္တလေးလူရွှင်တော်များသံချပ်အဖွဲ့အတွက် အလှူငွေများ ထည့်ဝင်လိုပါက ၃၉လမ်း၊ ၈၀x၈၁ကြားရှိ ပါပါလေးအငြိမ့်အိမ်တွင် လာရောက်ထည့်ဝင်နိုင်ကြောင်းလည်း သိရှိရသည်။ မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့သည် မတ်လ (၃)ရက်နေ့ အန်တီစု မန္တလေးစည်းရုံးရေးခရီးစဉ်မတိုင်မီကလည်း မြို့တွင်းသို့လှည့်လည်ကာ လှုံ့ဆော်ရေးသံချပ်များဖြင့် ပြည်သူလူထုကို ဖျော်ဖြေခဲ့ကြသေးသည်။ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်တွင် နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေပြီဖြစ်သော သံချပ်အဖွဲ့များ ရန်ကုန်၊ မန္တလေးမြို့များတွင် ပြန်လည်ဖော်ထုတ် ဖျော်ဖြေကြရန် ပြင်ဆင်နေကြကြောင်းလည်း CJ Myanmar မှ သိရှိရပါသည်။
လူရွှင်တော် ပါပါလေးနှင့် အဖွဲ့
အန်တီစု၏ မန္တလေးစည်းရုံးရေးခရီးစဉ် မတိုင်မီ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေနေကြသော မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့

မန္တလေး - မုံရွာ လမ်းပေါ်မှ ရေကျော်များ

သတင်း၊ ဓာတ်ပုံ - ညီမင်းစံ 
၂၂-မတ်-၂၀၁၂ 











မိုးတွင်းအခါ မုံရွာဘက်ကိုသွားရင် သတိပြုမိမှာ ရေကျော်တွေပဲဖြစ်ပါတယ်။ လမ်းပေါ် ရေကျော်နေတာကြောင့် လမ်းတွေ ပျက်စီးရတဲ့အပြင် တချို့ ရေကျော်များကတော့ ဆက်သွားလို့မရတော့ လောက်အောင် ရေစီးနှုန်း မြင့်ပါတယ်။ ဒီလို အခြေအနေမျိုး ဆိုရင် ကားကို စက်သပ်ထားပြီး အနီးအနားက လူတချို့ကို ဝိုင်းတွန်းစေလို့ ခရီးဆက်ရပါတယ်..။ ဒါလည်း အခြေအနေပေါ် မူတည်ပါတယ်..။ ကားနဲ့စွတ်ဖြတ်လို့ ကားပါ မျောတဲ့ အဖြစ်လည်း ရှိလေတော့ ရေကျော်ဖြတ်ရင် ဂရုစိုက်ရတယ်..။

မုံရွာသွားတဲ့ လမ်းပေါ် အဆိုးဆုံးလို့ ပြောလို့ရတဲ့ ရေကျော်တွေ ကိုတော့ ညောင်ပင်ဝန်းရွာနား တဝိုက်တွေ့ရပါတယ်..။ အခု လောလောဆယ်တော့ သတင်းကောင်း အနေနဲ့ အဲဒီရေကျော်ရှိတဲ့နေရာကို တံတားထိုးနေတာတွေ့ခဲ့ရပါတယ်..။

၁၀ရက်သား CJMyanmar ရဲ့ သတင်း နှင့် ဓာတ်ပုံကို ပထမဦးဆုံး ယူသုံးခဲ့သော ဂျာနယ်


၁၀ရက်သား CJMyanmar ရဲ့ သတင်း နှင့် ဓာတ်ပုံကို ပထမဦးဆုံး ယူသုံးခဲ့သော ဂျာနယ် (အမှတ်တရအနေ နဲ့ CJMyanmar အဖွဲ့သားများ ဝမ်းမြောက်ဝမ်းသာဖြစ်အောင် ဓာတ်ပုံ တင်ပေးလိုက်ပါတယ်) ဒီသတင်း နှင့် ဓာတ်ပုံအတွက် ပြည်မြန်မာ ဂျာနယ်မှ အကြောင်းကြားခြင်း မရှိပဲ အသုံးပြုသွားခဲ့ပါသည်။

Wednesday, March 21, 2012

၈၈၈၈ အရေးတော်ပုံကြီးနှင့် လူထုဒေါ်အမာ၊ MA ဒေါ်အုန်း




၈၈၈၈ ရှစ်လေးလုံး သတင်းစာ
(မန္တလေး စာပေနှင့် အနုပညာအဖွဲ့က ထုတ်ဝေသည်)
အမှတ်စဉ် ၂
၁၃၅၀ ပြည့်နှစ်၊ ၀ါခေါင်လဆုတ် ၅ ရက်၊ ကြာသပတေးနေ့၊ 1.9.88

"မအိုခွပ်ဒေါင်း သွေးသစ်လောင်းပြီ"
(မန္တလေး၊ သြဂုတ် ၃၁၊ ၁၉၈၈)

"မန္တလေး ကောလိပ်တက္ကသိုလ် ကျောင်းသားဟောင်းများအသင်း" ၏ ဆိုင်းဘုတ်အောက်၌ လူထုဒေါ်အမာ၊ MA ဒေါ်အုန်း၊ ဒေါ်တင်တင်အစရှိသော အသက်(၇၀)ကျော် ပုဂ္ဂိုလ်ကြီးများ တက်ကြွလန်းဆန်းစွာ ပါဝင်ဆင်နွှဲလျက်ရှိကြပုံကို အားပါးတရ တွေ့မြင်နိုင်ပါသည်။

ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်




သတင်း၊ ဓာတ်ပုံ - ညိုကြီး

A Poster for 27th SEA GAMES was seen in front of Ministry of Sports, Nay Pyi Daw, Burma.


 ဗမာနိုင်ငံက ၂၀၁၃၊ ဒီဇင်ဘာတွင် လက်ခံကျင်းပမည့်
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားများပြိုင်ပွဲ
ပိုစတာအား
နေပြည်တော်၊ အားကစားဝန်ကြီးဌာနရှေ့၌ စိုက်ထူထားသည်ကို တွေ့ရစဉ်

ဓာတ်ပုံ - ညိုကြီး

A Poster for
27th SEA GAMES
was seen in front of Ministry of Sports, Nay Pyi Daw, Burma.

27th SEA GAMES
2013, December
NAY PYI TAW, MYANMAR

Tuesday, March 20, 2012

ဒီချုပ် မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့်ပန်းသေးဗလီ ရပ်မိရပ်ဖများတွေ့ဆုံပွဲ

သတင်း-ဓာတ်ပုံ ကျော်ဇေဝင်း
၂၀-မတ်-၂၀၁၂



၂၀.၃.၂၀၁၂ ခုနှစ်နေ့လည် ၂း၀၀တွင် မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်း အတွင်းတွင် ပန်းသေးဗလီဝင်း အတွင်းရှိ မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် နှင့်တွေ့ဆုံမိတ်ဆက်ပွဲ တစ်ခုပြုလုပ်သွားခဲ့ပါတယ်။
(ဦးအုန်းကြိုင် နှင့် ရပ်မိရပ်ဖများ ပွဲမစမှီမြင်တွေ့ရပုံ)

မိတ်ဆက်ပွဲမစတင်ခင်မှာ မဲပေးမမှားဖို့အတွက် ပါတီလိုဂိုဘေးတွင် အမှန်ခြစ်ပုံများကိုလည်း ရပ်မိရပ်ဖ နှင့် မဲဆန္ဒရှင်များကို ယခုလို ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပါတယ်
(မဲပေးနည်းပညာပေး အစမ်းလုပ်နည်းများ သင်ကြားပေးနေစဉ်)

ထို့နောက် ပန်းသေးဗလီဝင်းအတွင်းရှိ ရပ်ဖိရပ်ဖများက အလှုငွေများကို ဦးအုန်းကြိုင်အား ပေးအပ်ခဲ့ပါတယ်။
(ရပ်မိရပ်ဖများမှ အလှုငွေပေးအပ်နေစဉ်)

ထို့နောက် အစီအစဉ်များကို ကိုမျိုးနိင်ဝင်းမှ အခမ်းနားမှုးအဖြစ်တာဝန်ယူခဲ့ပြီး ပန်းသေးဗလီဝင်း အတွင်း နေထိုင်သော ဦးမောင်မောင်လေးမှ NLDပါတီအပေါ် သူတို့ရဲ့ အမြင်များ နဲ့ ရှေ့ဆက်လျှောက်လှမ်းသွားမယ့် NLD မူဝါဒများကို လက်ခံကြောင်း NLD ကိုပဲထောက်ခံသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်
(ဦးမောင်မောင်လေး ပြောကြားနေပုံ)

ထို့နောက်ဦးအုန်းကြိုင်မှ သူဖြတ်သန်းခဲ့ရသော အတွေ့ကြုံများကိုပြောကြားခဲ့ပြီး NLD ပါတီပေါ်မှာ သူ၏ ယုံကြည်ချက်များ နှင့် ပြည်သူတွေကို လွယ်လွယ်ဂတိ မပေးကြောင်း ပြည်သူတွေကို လွယ်လွယ် ဂတိပေးတာ နိင်ငံရေးသမားမဟုတ်ကြောင်း တို့ကိုပြောကြားသွားခဲ့ပါတယ် (ဦးအုန်းကြိုင်ပြောကြားနေပုံ)

ထို့နောက် မဲဆန္ဒရှင်များ နဲ့ ရပ်မိရပ်ဖများအား NLD ပါတီမူဝါဒများအပေါ် နားမလည်တာများကို မေးမြန်းနိင်ပြီး ဦးအုန်းကြိုင်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ (မဲဆန္ဒရှင်များ၏မေးမြန်းနေပုံ)

ထို့နောက် အလှုငွေလှုဒါန်းခဲ့သော ရပ်မိရပ်ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး ညနေ ၄နာရီမှာ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။ (ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်နေပုံ)
(တတ်ရောက်လာသော ရပ်မိရပ်ဖများ နှင့် မဲဆန္ဒရှင်များ)

ကာတွန်း အောင်မော် ၂၀-မတ်-၂၀၁၂