CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, April 6, 2012

၆၂လမ်း၊ သိပ္ပံလမ်းနှင့် မနော်ဟရီလမ်းကြား လမ်းချဲ့ထွင်

သတင်း နှင့် ဓာတ်ပုံ -  Torpido
မန္တလေး၊ ၅-ဧပြီ-၂၀၁၂

မန္တလေးမြို့၊ ၆၂လမ်း၊ သိပ္ပံလမ်းနှင့် မနော်ဟရီလမ်းကြားရှိ လမ်းလယ်မှ မီးတိုင်များကို လမ်းဘေးသို့ ပြောင်းရွှေ့ခြင်းနှင့် လမ်းဘေး ၀ဲယာ လမ်းချဲ့ထွင်ရာတွင် မလွတ်ကင်းသော သစ်ပင်များကို စည်ပင်သာယာမှ ခုတ်လှဲခဲ့သည်။ လမ်းချဲ့ရာတွင် မူလကရှိခဲ့သော စက်ဘီးလမ်းအပါအ၀င် လူသွား ပလက်ဖောင်းများကို ဖျက်ခဲ့ရာ လူနေအိမ် အချို့မှာလဲ အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။လမ်းလယ်က မီးတိုင်တွေ လမ်းဘေး ပြောင်းစိုက်လိုက်တော့ ပိုအဆင်ပြေ သွားတာပေါ့ဗျာ...။ လမ်းလယ်မှာတုံးကဆို လမ်းမီးမလာတဲ့ အခါတွေဆို အဲ့ဓာတ်တိုင်တွေက အင်မတန် အန္တရာယ်များ ပါတယ်...။ အခု လွတ်လွတ် ကင်းကင်း လမ်းဘေးရောက်သွားတော့ အန္တရာယ်တော့ ကင်းသွားတာပေါ့...။ လမ်းချဲ့ လိုက်တော့ လမ်းဘေးက တည်ပင် တော်တော်များများ ခုတ်လိုက်ရတယ်...။ မန္တလေးသား တစ်ယောက် အနေနဲ့ နှမြောမိတယ်...။ မန္တလေးမှာ လမ်းဘေး သစ်ပင်တွေက ရှားနေပြီလေ...။ အပင်တွေက တော်တော်တောင် ကြီးနေပြီ...။ နောက်ပြီး ဘူဒါဇာနဲ့ထိုးတော့ ကျွန်တော့် အိမ်ရှေ့က ပလက်ဖောင်းနဲ့ စလစ်ပြင်ပါ ပါသွားတယ်...။ စလစ်ပြင်တွေက ပြန်လုပ်ရမှာပေါ့..။ ပျက်စီးသွားတဲ့ အတွက်တော့ သူတို့ဘက်က ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်လို့တော့ မပြောဘူး...။ ခွင့်တောင် မတောင်းဘူး...။ ဒီအတိုင်း ထိုးချသွားတာ ဟု အဆိုပါ လမ်းချဲ့ထွင်ရာ ၆၂လမ်းဘေးတွင် နေထိုင်သူတစ်ဦးက CJ Myanmar ကို ပြောကြားသည်။

လမ်းချဲ့ထွင်ရန် စည်ပင်မှ သစ်ပင်များခုတ်လှဲနေစဉ်...

လမ်းချဲ့ထွင်ရန် စည်ပင်မှ သစ်ပင်များခုတ်လှဲနေစဉ်
 ...

Thursday, April 5, 2012

facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်

သတင်း - CJMyanmar
၅-ဧပြီ-၂၀၁၂

 ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။

ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော  facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။

ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။

၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။
၂.  Security ကို click လုပ်ပါ။
၃. Secure browsing ပေါ် click လုပ်ပါ။
၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။
၅. Save Changes ကို နှိပ်ပါ။

ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။ ...

မန္တလေးမှ ကဗျာဆရာ၊ စာရေးဆရာများမှလည်း သံချပ်အဖွဲ့ ထွက်မည်

သတင်း - CJMyanmar
မန္တလေး၊ ၅-ဧပြီ-၂၀၁၂
မန္တလေးမှ ကဗျာဆရာ၊ စာရေးဆရာများမှလည်း လူရွင်တော်များနည်းတူ ယခုနှစ် သင်္ကြန်တွင် သံချပ် အဖွဲ့ထွက်မည် ဖြစ်ကြောင်း ယင်းသံချပ်အဖွဲ့တွင် ပါဝင်သည့် ကဗျာဆရာ တစ်ဦးမှ CJMyanmar ကို  ပြောကြား သည်။ ယင်းသံချပ်အဖွဲ့အတွက် ကားအလှဆင်ခ ကုန်ကျစရိတ် ကျပ် (၁၅)သိန်းခန့်ရှိပြီး သင်္ကြန် အကြိုနေ့မှ စတင်ကာ မန္တလေးသူ၊ မန္တလေးသားများအား ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်းလည်း သိရပါသည်။ ယင်း သံချပ် အဖွဲ့ကို စာရေးဆရာ စိုးအောင် (မန္တလေး)၊ စာရေးဆရာ စိုးဘားဒိုင်၊ စာရေးဆရာ ခင်အောင်ဝင့်တို့ ဦးစီးကြမှာ ဖြစ်ကြောင်း သိရသည်။

Wednesday, April 4, 2012

မဟာအောင်မြေမြို့နယ် မဲ မသမာမှုများ

သတင်း - CJMyanmar
၁-ဧပြီ-၂၀၁၂

အိမ်ထောင်စုဇယားမှာ ပါဝင်လျက်နှင့် မဲ ပေးခွင့်မရသူ

သတင်း - CJMyanmar
၁-ဧပြီ-၂၀၁၂

တူဝရီးနှစ်ယောက်စလုံး မဲပေးခွင့်မရအောင် အညစ်ခံရ

သတင်း - CJMyanmar
၁-ဧပြီ-၂၀၁၂

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဲဆန္ဒနယ်အတွင်းမှ ပြည်သူတစ်ဦးက သူမနှင့် သူမ၏ အဒေါ်ဖြစ်သူ ၂ ဦးစလုံး ၂၄.၃.၂၀၁၂ က မဲစာရင်းသွားကြည့်ရာ ရပ်ကွက်လူကြီးက "ပါပြီးသား၊ ကြည့်စရာမလို" ဟု ပြန်ခိုင်းခဲ့ပြီး တကယ့်တကယ် မဲပေးရသည့်နေ့ရောက်သည့်အခါ မဲပေးခွင့်စာရင်းမှာမပါ။ မဲပေးကာ ပြည်သူတစ်ဦးတာဝန်ကျေချင်ပေမဲ့ ကျေခွင့်မရရှာ။ မျက်ရည်များပင် စို့ပြီး ဒေါသထွက်ကာ ရဲမွန်တောင် NLD အောင်နိုင်ရေးရုံးသို့ လာရောက်တိုင်တန်းသူတစ်ဦး။ CJMyanmar သတင်းထောက်တစ်ဦး ရိုက်ကူးတင်ဆက်သည်။ ...

ကော့မှူး မဲရေတွက်နေပုံ SKY NET Up to Date channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသနေစဉ်

သတင်း - CJMyanmar
၁-ဧပြီ-၂၀၁၂
 
ကော့မှူး မဲရေတွက်နေပုံ SKY NET Up to Date channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသနေစဉ်

NLDမှ ဦးဝင်းကြည် နှင့် တွေ့ဆုံ မေးမြန်းခြင်း

မန္တလေး ၊ ၁-ဧပြီ-၂၀၁၂
မန္တလေး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မဲရုံအချို့မှ ဆန္ဒမဲပေးရခြင်းနှင့် ပတ်သက်သော ပြဿနာများအကြောင်းကို နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချမ်းမြသာစည်မြို့နယ် NLDမှ ဦးဝင်းကြည်က ဖော်ထုတ်ပြောဆိုခဲ့စဉ်။ ၁.၄.၂၀၁၂၊ နေ့လည် ၁ နာရီ ၅၆ မိနစ် CJMyanmar သတင်းထောက်တစ်ဦး တွေ့ဆုံမေးမြန်းသည်။ 
https://www.facebook.com/photo.php?v=206011432840605

ရန်ကုန်မြို့တွင် တက္ကစီကား စင်းရေမှာ တစ်နေ့တစ်ခြား များပြားလာပြီး ယာဉ်အန္တရာယ်၊ ယာဉ်တိုက်မှု ဖြစ်စဉ်များလည်း တိုးပွားလာလျက်ရှိ

သတင်း နှင့် ဓာတ်ပုံ - CJMyanmar
ဧပြီ ၄၊ ၂၀၁၂၊ နေ့လည် ၂ နာရီခွဲ၊ ရန်ကုန်မြို့

ရွှေတိဂုံဘုရား မြောက်ဘက်မုခ်၊ အာဇာနည်ကုန်း အဆင်း လမ်းဆုံ တစ်နေရာတွင် တက္ကစီ နှစ်စင်း ခေါင်းချင်းဆိုင် တိုက်နေပုံ။ 

ရန်ကုန်မြို့တွင် တက္ကစီကား စင်းရေမှာ တစ်နေ့တစ်ခြား များပြားလာပြီး ယာဉ်အန္တရာယ်၊ ယာဉ်တိုက်မှု ဖြစ်စဉ်များလည်း တိုးပွားလာလျက် ရှိသည်။ တက္ကစီယာဉ်မောင်း အတော်များများမှာ ယာဉ်စည်းကမ်း လိုက်နာခြင်း မရှိဘဲ မောင်းနှင် နေသောကြောင့် အများသူငါ၏ အမြင် မကြည်လင်ခြင်းကို ခံနေရကြောင်းလည်း ရန်ကုန် အခြေစိုက် အမည်မဖော်လိုသူ ဘလော်ဂါတစ်ဦးက ပြောကြားသည်။ အထက်ပါ ဖြစ်စဉ်တွင် ယာဉ်ထိန်းရဲ မခေါ်ဘဲ သူမှန် ကိုယ်မှန် ငြင်းခုန် နေကြသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။ ...

မန္တလေးမြို့တွင် မီးပျက်ချိန် များလာခြင်းကြောင့် ရေအခက်အခဲဖြစ်

သတင်း - CJMyanmar
၎-ဧပြီ-၂၀၁၂

မန္တလေးမြို့တွင် ယခုလမှ စပြီး မီးမလာချိန် များလာသည်နှင့် အတူ ရပ်ကွက် အများအပြားတွင် ပြည်သူများ သောက်သုံးရေလည်း အခက်အခဲ ဖြစ်လျှက်ရှိကြောင်း သိရပါတယ်။

မန္တလေးမြို့တွင် ရေပေးရေး ရေကို အများပြည်သူ အားထားကာ အသုံးပြုလျှက် ရှိပြီး ရေတွန်းစက်ရုံများမှာလည်း လျှပ်စစ်ကို အသုံးပြုကာ ရေတွန်းရခြင်း ဖြစ်သဖြင့် ယခု မီးမလာချိန် များလာသည့် အခါ မလွန် ပင်မ ရေတွန်း စက်ရုံတွင် စုဆောင်းရေ နဲလာသဖြင့် အချိန် အနည်းငယ်သာ ဖြန့်ဝေနိုင်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ ရပ်ကွက်မှာ ဆိုရင် ညနေ ၄ နာရီလောက်မှာ ရေတစ်ခါ လာပါတယ်။ ဒါပေမယ့် ရေက နဲနဲလေးပဲ ထွက်ပါတယ်။ ပုံးတစ်ပုံးလောက် ပြည့်ဖို့ ၁ နာရီလောက် စောင့်ရတယ်ဗျာ။ ရေလာချိန်က တစ်နာရီ ဆိုတော့ ဒီတစ်ပုံးက ထမင်းဟင်း ချက်ဖို့ပဲ ရပါတယ်။ လူတွေကတော့ ဘုန်းကြီးကျောင်းက အဝီစိတွင်းမှာ ရေသွားချိုးနေရပါတယ်။ တစ်ချို့ အိမ်တွေကတော့ မော်တာတွေနဲ့ စုပ်ကြပါတယ်။ ဒါကလည်း မီးလာမှ ရတာ။ နောက်တစ်ကြိမ် ည ၁၁ နာရီမှာ တစ်ကြိမ် တစ်နာရီလောက် ပြန်လာတာ စောင့်ရပါတယ်” လို့ ချမ်းမြသာစည်မြို့နယ်နေသူ က ဆိုပါတယ်။

“ကျွန်မတို့ လမ်းထဲမှာတော့ ည ၁၁ နာရီ ဆိုရင် ရေပေးရေး ရေ စောင့်ရတာ လူတွေမှာ တစ်အိမ် တစ်ယောက် အနည်းဆုံးနဲ့ တစ်လမ်းလုံး စည်ကားနေတယ်။ ရေက လာပြန်တော့ ကလေးဟိုဟာ ထွက်သလောက်ဆိုတော့ ရေမော်တာတွေနဲ့ စုပ်ကြတာ တစ်ရပ်ကွက်လုံး ပွက်လောညံပါပဲ။ ရေကလည်း တစ်နာရီလောက်ပဲ လာတာလေ။ ရေလာနေချိန် မီးကလည်း ပျက်ဆိုတော့ ဝိုင်းပြီး မေတ္တာပို့ကြရောပေါ့။ ရေလွှတ်တာ ကလည်း ဘယ့်နှယ် ညသန်းကောင် ကျမရှင် … အများပြည်သူ အိပ်ရေးပျက်အောင်” လို့ မဟာအောင်မြေမြို့နယ်က ပြည်သူတစ်ဦးက ဆိုပါတယ်။

လောလောဆယ်မှာတော့ မန္တလေးမြို့နယ် တစ်ချို့မှာ သောက်သုံးရေ အခက်အခဲ ဖြစ်လျှက်ရှိကြောင်း ဒေသခံများက CJMyanmar သို့ပြောပါတယ်။..

မန္တလေးက မျှော်နေပြီ

သတင်း နှင့် ဓာတ်ပုံ - CJMyanmar

" မန္တလေး ပြည်သူတွေကို ကတိ တစ်ခုတော့ ကျွန်မ ပေးသင့်တယ် ထင်လို့ ကတိတစ်ခု ပေးပါ့မယ်။ အခုလို ကျွန်မကို မိုးထဲ လေထဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ အတွက် ကြိုဆိုတဲ့ ကျေးဇူးကို ကျွန်မ ဆပ်ရမယ်။ နောက်တစ်ခေါက် ကျွန်မတို့ တကယ့်ကို ဒီမိုကရေစီ ရပြီးလို့ အောင်ပွဲ ခံနိုင်တဲ့ အခါကျရင် ကျွန်မ မန္တလေး ပြည်သူတွေဆီကို ပြန်လာပြီးတော့ သေသေချာချာ စွမ်းစွမ်းတမံ ကျေးဇူးဆပ်ပါ့မယ်လို့ ... "

ဒေါ်အောင်ဆန်းစုကြည်

(အောင်ပင်လယ်မိန့်ခွန်း ကောက်နုတ်ချက်၊ ၃.၃.၂၀၁၂၊ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်)

Skywalk Shopping Mall ၂၀၁၂ တွင် ပြန်လည်ဖွင့်လှစ်မည်

မန္တလေး ဧပြီ ၎
အထက်မြန်မာပြည်တွင် ကျော်ကြားလူသိများခဲ့တဲ့ မန္တလေးမြို့မှ Skywalk Shopping Mall ကြီး မကြာခင်မှာ ပြန်လည်ဖွင့်လှစ်နိုင်ရန် စတင် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ Skywalk Shopping Mall ကို ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အထက်မြန်မာပြည်၊ မန္တလေးမြို့တွင် အထင်ကရ ကျော်ကြားလူသိများခဲ့တဲ့ ခေတ်မှီ Shopping Mall ကြီးအဖြစ်ရှိနေခဲ့ရာမှ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် လောင်ကျွမ်းခဲ့သည့် ရတနာပုံဈေး မီးလောင်မှုတွင် မီးသင့် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

ယခုအခါ Skywalk Shopping Mall ကြီးအဖြစ် ရတနာပုံCenterပထမထပ်မှာ၂၀၁၂ အတွင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စတင် စီစဉ်လျှက် ရှိကြောင်း မူလ Skywalk ဆိုင်ပိုင်ရှင်များ မှ
CJ Myanmar သို့ပြောကြားသည်။

စိုင်းစိုင်း မွေးနေ့ ဖျော်ဖြေပွဲတွင် Motion Graphic Animation များ ပါဝင်မည်

ဧပြီ ၁၀ရက်နေ့တွင် မန္တလေး နိုဗိုတယ်ဟိုတယ် မြက်ခင်းပြင်တွင်ကျင်းပပြုလုပ်မည့် စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ဂီတဖျော်ဖြေပွဲ၏ နောက်ခံ LED Screen Animation Control များကို Miracle Post Team မှ တာဝန်ယူဖန်တီးထိန်းချုပ်မည်ဖြစ်ပါသည်။ Resolume VJ Application, iPad 2 VJ Applications, Video Mixers များဖြင့် ရာနှင့်ချီသော Motion Graphic Animation များကို စည်းချက်နှင့်အညီ ထိန်းချုပ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ မန္တလေး Motion Mandalay Media မှ လည်း ပူးပေါင်းအားဖြည့်ကူညီမှာဖြစ်ကြောင်း၊Miracle Post Team ခေါင်းဆောင် ကိုဝဏ္ဏကျော် မှ CJ Myanmar သို့ပြောကြားသည်။...

Sunday, April 1, 2012

ကြားဖြတ် ရွေးကောက်ပွဲ သတင်းများ စုစည်းမှု (1-Apr-2012)

တံတားဦးမြို့ ဆုန်ကုန်းရပ် ၊ ရပ်ကွက် ၂ ရှိ မဲရုံ အမှတ် ၄ မှာ မဲပေးခွင့် ရှိသူ ၁၅၀၀-ကျော် ရှိသော်လည်း တရားဝင် မဲပေးခွင့် စာရင်းတွင် ၇၆၁-ယောက်သာ ပါဝင်ပြီး ယင်း ၇၆၁-ယောက်တွင် သေဆုံးနေသူများပါ ပါဝင်နေကြောင်းနှင့် အသက်ရှင်လျှက်ရှိသူ မဲပေးခွင့်ရှိသူ အချို့ စာရင်းတွင် မပါဝင်ကြောင်း သိရသည်။ ယင်းမဲရုံရှိ မဲစာရွက်များမှာ ဖယောင်းသုတ်ထား သဖြင့် မဲပေးရာတွင် အခက်အခဲရှိနေကြောင်း ယင်းမဲရုံတွင် မဲပေးပြီး ပြန်လာသူမှ CJMyanmar သို့ ပြောကြားပါသည်။

_______________________________________________________________________________________________________________________

ယနေ့ ၁.၄.၂၀၁၂ နံနက် ၉ နာရီခွဲ ခန့်က မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၅ - ၃၆ လမ်းကြားရှိ NLD အောင်နိုင်ရေးရုံးရှေ့သို့
မဟာအောင်မြေမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးရောက်ရှိလာကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်း၊ ခြိမ်းခြောက်အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

_______________________________________________________________________________________________________________________

ကျောက်ဆည်တွင် အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်

(၁.၄.၂၀၁၂)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ယနေ့ ၁.၄.၂၀၁၂ ကျောက်ဆည်တွင် အင်တာနက်လိုင်းများ လွန်စွာ နှေးကွေးပြတ်တောက်လျက်ရှိသည့်အတ
ွက် အင်တာနက်ဆိုင်များ ပိတ်ထားရကြောင်း သတင်းရရှိသည်။ အချို့အင်တာနက်ဆိုင်များမှာမူ ဂိမ်းသမားများ ဂိမ်းကစားနိုင်ရန်အတွက်သာ ဆိုင်ဖွင့်ထားရကြောင်း အင်တာနက်သုံးရန် အင်တာနက်ဆိုင် ၆ ဆိုင်ခန့်သို့ လှည့်လည် ကြည့်ရှုမေးမြန်းခဲ့သူ ကျောက်ဆည်သားတစ်ဦးမှ CJ Myanmar သို့ သတင်းပေးပို့သည်။

ကျောက်ဆည်တွင် အင်တာနက်ဆိုင် ၁၃ ဆိုင်ခန့်ရှိကြောင်း သိရသည်။

_______________________________________________________________________________________________________________________

ကြားဖြတ်ရွေးကောက်ပွဲနှင့် နေပြည်တော် မဲဆန္ဒနယ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နေပြည်တော်မှ မဲဆန္ဒနယ်များတွင် ကြိုတင်မဲ၊ မဲစာရင်းကိစ္စများနှင့် ပတ်သက်၍ အောက်ပါ အချက်များ တွေ့ရှိရသည်။

၁။ ကြိုတင်မဲပေးပိုင်ခွင့်မရှိသူများ ကြိုတင်မဲပေးနေခြင်း။
၂။ မဲပေးရန် အသက်မပြည့်မီသူများ မဲစာရင်းတွင် ပါဝင်နေခြင်း။ အဆိုပါ အသက်မပြည့်မီသူများသည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပ
ါတီဝင်များ၏ အဆက်အနွယ်များဖြစ်နေခြင်း။
၃။ ကြိုတင်မဲပေးရာတွင် ယင်းကြိုတင်မဲထည့်ပေးရာ စာအိတ်များကို ကြိုတင်မဲပေးသူ ကိုယ်တိုင် ပိတ်ပြီး ပေးခွင့်မရှိခြင်း။ အချို့ဆိုလျှင် ကြိုတင်မဲကို ကိုယ်တိုင်ပင် မပေးလိုက်ရခြင်း။
၎။ ကြိုတင်မဲပေးသူစာရင်းတောင်းကြည်
့ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များက ပေးမကြည့်ခြင်း၊ စာရင်းတောင်းသူများကို မကြည်မသာ ဆက်ဆံခြင်း။
၅။ ၁၈ နှစ်ပြည့်ပြီးသူများစွာ မဲပေးခွင့်စာရင်းတွင် မပါဝင်ခြင်း။ ကျန်နေခြင်း။
၆။ လွဲမှားနေသော မဲစာရင်းများကို အပြင်ခိုင်းရာ ၁.၄.၂၀၁၂ မဲပေးရမည့်ရက်ရောက်သည်အထိ ပြင်မပေးခြင်း။
၇။ ဆန္ဒမဲပြားလက်မှတ်ပေါ်မှ NLD အမတ်လောင်းဘေး အမှန်ခြစ်ရမည့်အကွက်တွင် ဖရောင်းသုတ်ထားခြင်း။

(အဆိုပါ အချက်အလက်များကို နေပြည်တော်မှ သတင်းစုံစမ်း၍ ပြန်လာသူတစ်ဦးထံမှ ရရှိသည်)

_______________________________________________________________________________________________________________________
မန္တလေးတက္ကသိုလ် မဲရုံမှ မဲရုံမှူးဖြစ်သူ ဆရာမကို စာစစ်ရန်ဟု ခေါ်ဆိုသွားသောကြောင့် အဆိုပါ မဲရုံတွင် မဲရုံမှူးမရှိဖြစ်နေကြောင်း ၁.၄.၂၀၁၂၊ နံနက် ၉ နာရီခွဲထိ ရရှိသော သတင်းအရ သိရသည်။

_______________________________________________________________________________________________________________________

1 April, Mandalay, Maha Aung Myay - NLD Youth Campaign Groups are helping the voters who can not find their lists and where to vote in Ye Mon Taung Quarter. They said that some families are not include in the voting lists even thought they live at that quarter since 1995.
_______________________________________________________________________________________________________________________

မုံရွာခရိုင်ပုလဲမြို့ နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း
နိုင်ငံရေးနှင့် ဆက်နွယ်သော လူသတ်မှု ၂မှုဖြစ်ပွားကြောင်းသိရှိရပါတယ်

ထိုနယ်မြေမှာလက်ရှိပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းအနိုင်ရရှိခဲ့ သောနယ်မြေဖြစ်ပြီးနိုင်ငံရေးနှ
င့် ပတ်သက်၍အယူအစွဲပြင်းထန်လှကာ
ယခင်အလံနီကွန်မြူနစ်ပါတီကြီးစို
းခဲ့ သောဒေသများဖြစ်ပါတယ်။
ယခုကြားဖြတ်ရွေးကောက်ပွဲကာလတွင်လည်းအင်အားကြီးပါတီ၂ခုပြိုင်ဆို
င်မှုအလွန်ပြင်းထန်တဲ့ ဒေသလည်းဖြစ်ပါတယ်

_______________________________________________________________________________________________________________________
 
မုံရွာခရိုင်ပုလဲမြို့ နယ်ညောင်ကုန်းကျေးရွာတွင်၃၁.၃ ၂၀၁၂ ရက်ည ၉:၃၀ နာရီခန့် ကလူသတ်မှုတခုဖြစ်ပွားခဲ့ ပါတယ်။ရွာဗီဒီယို ရုံမှာဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ ကွန်ပျူတာအထူး
ပြုလုပ်ချက်များဖြင့် ပြုပြင်ထားသောဗီဒီယိုခွေကိုပြသ
ရာမှဖြစ်ပွားခဲ့ ရတာပါ။
သေဆုံးသူဦးဝင်းမင်းသန်း၊အသက် ၃၅ကအဆိုပါအခွေကိုရွာတွင်ပြသရာ တရွာတည်းသား ကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် မှမပြသစေချင်ကြောင်းလာရောက်တားမြစ်ရာမှ နှစ်ဦးသားလုံးထွေးသတ်ပု တ်ကြကြောင်း ကိုထွန်းအောင်ကျော်အရိုက်ခံရပီးထွက်ပြေးသွားရာနောက်သို့ 
ဦးဝင်းမင်းသန်းအပါအ၀င်၃ ယောက်ကအနောက်မှလိုက်သွားရာ လမ်းအကွေ့ တွင်ဆုံတွေ့ ပီးပြဿနာထပ်မံဖြစ်ပွားရာမှကိုဝင်းမင်းသန်းနောက်ကျောကိုဓါးဖြင့် အထိုးခံရကြောင်း ပုလဲမြို့ ဆေးရုံသို့ ပို့ ရာလမ်းတွင်သေဆုံးသွားကြောင်းပုလဲဒေသခံတစ်ဦးကCJMyanmar ကိြုေ့ပာပြပါတယ်။
တရားခံဟုယူဆရသူကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် အသက် (35)နှစ် နှင့် 
ကိုရန်မျိုး အသက်(29)နှစ်တို့ ကိုပုလဲမြို့ နယ်ရဲစခန်းတွင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
_______________________________________________________________________________________________________________________

စစ်ကိုင်းမြို့နယ်တွင်းရှိ (ကင်းတိတ်ရွာ၊ ပန်းဘဲတန်း ရပ်ကွက်၊ ချင်းစုရပ်ကွက်) မဲရုံအချို့တွင် အမျိုးသမီးရေးရာ ကော်မတီဝင်များက ကော်မတီဝတ်စုံများ ဝတ်ဆင်ပြီး ဆန္ဒမဲပေးရာ နေရာအထိ လိုက်ပါပြီး မဲဆန္ဒလာရောက် ပေးသူများအား ပယ်မဲ ဖြစ်စေနိုင်သော အကြံပေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
_______________________________________________________________________________________________________________________
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဖြုတ်ကုန်းကြီး မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၅၀၃-ဦးအနက် ၄၁၄-ဦးမှာ ကြိုတင်မဲ ပေးပြီးသား ဖြစ်နေကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒနယ်သည် ရဲတပ်ရင်း တစ်ခု တည်ရှိရာ နေမြေဖြစ်ပြီး ကြိုတင်မဲ အများဆုံးပေးသည့် နေရာများတွင် တစ်ခု အပါအဝင် ဖြစ်ဖွယ်ရှိကြောင်း ခေတ်အဆက်ဆက် နိုင်/ကျဉ်းဟောင်းများ + ၈၈-မျိုးဆက် ကျောင်းသားများ (မန္တလေး)အဖွဲ့မှ CJMyanmar သို့ သတင်းပေးပို့ပါသည်။

_______________________________________________________________________________________________________________________

ရန်ကုန် ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့တွင် တီဗီကြီးတပ်ဆင်ပေးထားပြီး မဲဆန္ဒအခြေအနေများကို တိုက်ရိုက်ပြပေးနေသဖြင့် လူအများ စုအုံစောင့်ကြည့်လျက်ရှိသည်.. တချက်တချက် ဟေးခနဲအော်သံများပါ ကြားရသည်..

_______________________________________________________________________________________________________________________

ယနေ့ မနက် အစောပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းနေထိုင်သော တရုတ်အမျိုးအနွယ်ဝင် အိမ်များသို့ လူအချို့ လာရောက်ပြီး တရုတ်လူမျိုးများ မဲမပေးဘဲ နေလို့ရသည့် အတွက် အပင်ပန်းခံပြီး မဲပေးစရာ မလိုကြောင်း လိုက်လံ ပြောကြားမှုများ ရှိကြောင်း သတင်းရရှိသည်။

_______________________________________________________________________________________________________________________

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် LED Board ဖြင့် ဖော်ပြထားသော ရွေးကောက်ပွဲနောက်ဆုံးအခြေအနေများကို အတူတကွ စောင့်ကြည့်နေသူများ..

_______________________________________________________________________________________________________________________

မန္တလေးမြို့ သံလျက်မှော် အရှေ့ မဲရုံ (၉) တွင် ကနဦး သတင်းများအရ ပယ်မယ် ၂-ထောင်ကျော် ဖြစ်နေသော်လည်း ပယ်မဲမှာ ၂-ထောင်ကျော် မဟုတ်ဘဲ (၂၅၀) သာ ဖြစ်ပြီး ယင်း မဲ (၂၅၀) အား ပယ်မဲ အဖြစ်မှ ပယ်ဖျက်ပေးလိုက်ကြောင်း နောက်ဆက်တွဲ သတင်းအရ သိရပါသည်။ ယင်းမဲရုံမှ စောင့်ကြည့်သူမှ မဲလက်မှတ် (၅၀) ပါ အထုပ်ကို (၅၀၀)ပါ အထုပ်ဟု ထင်မှတ်ပြီး (၂၀၀၀)ကျော်ဟု NLD သို့ မှားယွင်း သတင်းပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

_______________________________________________________________________________________________________________________
 
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်ရှိ စစ်တပ်မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ (၂၁၃၄) ဦးအနက် ကြိုတင်မဲ (၃၁၃) မဲရှိကြောင်း သတင်းရရှိသည်။

_______________________________________________________________________________________________________________________
 
လားရှိုးမြို့နယ် မန်အိုင်ကျေးရွာတွင် NLD 268 မဲ ၊ ကိုးကန့် ပါတီ ၂၁၄ မဲ၊ ကြံ့ခိုင်ရေး ပါတီ ၁၉၆ မဲ ရရှိကြောင်း ယနေ့ နေ့လည် ၂း၃၀-နာရီ ခန့် ရရှိသော သတင်းအရ သိရသည်။

_______________________________________________________________________________________________________________________

တံတားဦးမြို့နယ် ခံလူးလေးကျေးရွာတွင် ရွေးကောက်ပွဲကျင်းပရန် ၅-ရက် အလိုတွင် ကြံ့ခိုင်ရေးပါတီမှ လမ်းခင်းပေးကြောင်းနှင့် ယင်းပါတီမှ ရွာဘုန်းကြီးက တဆင့် ရွာသားများအား ကြံ့ခိုင်ရေး ပါတီကိုသာ မဲထည့်ရန် စည်းရုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် အခြားပါတီများလည်း အဆိုပါရွာအတွင်းသို့ ဝင်ရောက်စည်းရုံးခွင့် မရှိကြောင်း သတင်းရရှိသည်။

_______________________________________________________________________________________________________________________

တံတားဦးမြို့နယ် ပန်းရမြောက်ရွာတွင် မဲရုံ အမှတ် (၁) ဒေါ်တင်စန်းနှင့် မဲရုံ အမှတ် (၂) တွင် ကိုလေး (ခ) ကိုစိုးပိုင် တို့၏ ဆန္ဒမဲပေးခွင့် လက်မှတ်တွင် မဲလက်မှတ်စာရွက်မှာ ချောနေပြီး ဘောပင်များလည်း မှင် သိပ်မထွက်ဘဲ ထစ်နေသည့် အတွက် လဲလှယ်ပေးရန် မဲရုံ-၁ မဲရုံမှူး ကိုမောင်မောင်ဝင်းနှင့် မဲရုံ-၂ မဲရုံမှူး ကိုစောထွန်းအောင်အား ပြောကြားခဲ့သော်လည်း မဲရုံမှူးများမှ လဲလှယ်ပေးခြင်း မရှိသည့်အတွက် ပဲမယ် ဖြစ်စေမည့် မဲ ဖြစ်သွားနိုင်ကြောင်း သိရက်နှင့် မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ၎င်းရွာမှာပင် မရွှေအိ ဆိုသူမှာ သူမ၏ မိသားစု ၆-ယောက်ရှိသည့် အနက် ကျန် မိသားစု ၅-ယောက်မှာ မဲပေးခွင့်ရရှိသော်လည်း သူမတစ်ဦးသာ မဲပေးခွင့်မရခဲ့ကြောင်း သိရသည်။
ပန်းရတောင်ရွာတွင် ဖြိုးမင်းဇော်သည် အသက် ၁၆-နှစ်သာ ရှိသော်လည်း မဲပေးခဲ့ရကြောင်း သိရသည်။ သူငယ်တော်ရွာတွင် မနွယ်နွယ်ဝင်း (အသက် ၂၄-နှစ်) နှင့် ကိုချစ်သိန်း (အသက် ၁၉-နှစ်) တို့မှာ မဲပေးခွင့် မရခဲ့ကြောင်း သိရသည်။

_______________________________________________________________________________________________________________________

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ကျူးကျော်တဲများတွင် နေထိုင်သော အသက်၁၈နှစ်ပြည့်သူများကို ပြည်ခိုင်ဖြိုးကို ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း မပေးပါက ရပ်ကွက်အတွင်းတွင် နေထိုင်ခွင့်မပြုကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး(အရံမီးသတ်ဗိုလ်)က ပြောကြားခဲ့ပါသည် ဟု ကျူးကျော်တဲတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ လွန်ခဲ့သော တစ်လခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး(အရံမီးသတ်ဗိုလ်)မှ ပြည်ခိုင်ဖြိုးကို ကြိုတင်မဲပေးပါက ကျူးကျော်တဲများတွင် နေထိုင်သူများ ရေအခက်အခဲရှိက အ၀ီစီတွင်းတူးပေးမည်ဖြစ်ကြောင်း၊ တူးပြီးပါက မိမိကိုယ်တိုင်လာရောက်၍ တစ်နေ့တစ်ခါ ရေများစုပ်ယူပေးမည် ဟု ပြောကြားခဲ့ပါသည်။ ရေတွင်းတူးပြီးသောအခါ တစ်ခါမှ လာရောက်၍ ရေများစုပ်ယူမပေးခဲ့ပါ။ ရေတွင်းတူးခဲ့သော မြေကွက်ပိုင်ရှင်ကိုလည်း အကြောင်းကြားခြင်းမရှိဘဲ မိမိဆန္ဒဖြင့် လုပ်ဆောင်ခဲ့ပါသည်။

သတင်း - Right Bean

_______________________________________________________________________________________________________________________

ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံ ၃၀၀-ကျော်ရှိသည့်အနက် မဲရုံ ၂၂-ရုံ ရေတွက်ပြီးစီးသည့် အခါ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင် အနိုင်ရရှိနေကြောင်း သိရသည်။

_______________________________________________________________________________________________________________________

မန္တလေး၊ တံတားဦးမြို့ မဲဆန္ဒရုံ (၃)နဲ့ (၄)မှာ မဲပေးခွင့်မရတဲ့ ပြည်သူ (၂၀၀) ၀န်းကျင်က မဲမပေးရမချင်း မဲရုံအတွင်းမှ ပြန်မထွက်ကြသေးကြောင်းသိရသည်။ အဆိုပါ မဲဆန္ဒရုံတွေကို ကနေဒါသံရုံးမှ တာဝန်ရှိရုံများ လာရောက်လေ့လာသွားကြောင်းသိရ...။
(အဆိုပါ သတင်းနောက်ဆက်တွဲများကို ဆက်လက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ဆက်သွားမည်)
_______________________________________________________________________________________________________________________

ပြင်ဦးလွင်မြို့နယ်ရှိ တပ်နယ် မဲဆန္ဒနယ် ၅-ရုံ၊ ဇီးပင်ကြီး မဲရုံ အပါအဝင် မဲရုံ ၁၂-ရုံ ရေတွက် ပြီးစီးရာ ကြံ့ခိုင်ရေးက အနိုင်ရရှိနေကြောင်း ပြင်ဦးလွင် မြို့ခံ တစ်ဦးမှ CJMyanmar သို့ ပြောကြားသည်။
_______________________________________________________________________________________________________________________

ယခု ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းများကို သိရှိလိုပါက ခေတ်အဆက်ဆက် နိုင်/ကျဉ်းဟောင်းများ + ၈၈-မျိုးဆက် ကျောင်းသားများ (မန္တလေး)အဖွဲ့ ဖုန်း 09-91021020, 09-2002135, 09-2024423, 09-2001827, 09-2013099 များ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
_______________________________________________________________________________________________________________________

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် မဲရုံ အမှတ် (၂) တွင် NLD မှ ဦးအုန်းကြိုင် အပြတ်အသတ် အနိုင်ရရှိနေကြောင်း ယင်း မဲရုံသို့ ရောက်ရှိနေသော CJMyanmar အဖွဲ့သား တစ်ယောက်မှ သတင်းပေးပို့သည်။

_______________________________________________________________________________________________________________________

မန္တလေး ရဲမွန်တောင် မဲရုံ၂ မှာ မဲပေးခွင့်ရှိသူ ၁၉၂၅-ဦး တွင် ကြိုတင်မဲ အပါအဝင် ၉၉၉-ဦး မဲပေးခဲ့ပြီး ဦးအုန်းကြိုင် ၈၁၆-မဲ ရရှိကြောင်း ယင်းမဲရုံသို့ ရောက်ရှိနေသော CJMyanmar အဖွဲသား တစ်ဦးမှ သတင်းပေးပို့ပါသည်။

_______________________________________________________________________________________________________________________

There's some problems happening at No. 3 Ballot Station, Yay Twin Kone iningalartaungnyunt Tsp right now. Commission don't allow observers.

_______________________________________________________________________________________________________________________

၀၁-၀၄-၂၀၁၂ ညနေ ၅း၃၀နာရီ (ရန်ကုန်၊ မြန်မာ)
မင်္ဂလာတောင်ညွှန့် ရေတွင်းကုန်းရပ်ကွက် လမ်း (၁၂၀) ရှိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာမဲရုံ အမှတ် (၃)တွင် မဲပေးချိန်ပြီးစီးပြီးနောက် မဲပုံးအတွင်းရှိမဲရေတွက်ခြင်းကို အများပြည်သူများအား လေ့လာကြည့်ရှုခွင့်မပေးသဖြင့် မကျေနပ်သော မြို့နယ်တွင်းနေ ပြည်သူများ စုရုံးရောက်ရှိလာကာ မဲရေတွက်ခြင်းအား လေ့လာခွင့်ပြုရန် အော်ဟစ်တောင်းဆိုလျှက်ရှိကြသည်။ ထိုအချိန်တွင် သတင်းမီဒီယာသမားများ ရောက်ရှိလာရာ ပြည်သူများက ၀ိုင်းဝန်း လက်ခုပ် သြဘာပေးကြကြောင်း ရန်ကုန်မြို့ခံ စီဂျေမြန်မာသတင်းထောက်တစ်ဦးမှ သတင်းပေးပို့လိုက်ပါသည်။
_______________________________________________________________________________________________________________________

ပြင်ဦးလွင် NLD ရုံးရှေ့ ကြေငြာထားသော စာရင်း အရ NLD ၁၂၀၀၀-မဲ၊ ကြံ့ခိုင်ရေး ၇၀၀၀-မဲ ရရှိထားကြောင်း ပြင်ဦးလွင်မြို့ခံ တစ်ဦးမှ ယခု သတင်းပေးပို့ပါသည်။

_______________________________________________________________________________________________________________________

မန္တလေး ရဲမွန်တောင် မဲရုံ အမှတ် (၃) မှာ မဲပေးသူ ၈၉၈-ဦး တွင် ဦးအုန်းကြိုင် ၇၂၅-မဲ ရရှိကြောင်း ယင်းမဲရုံသို့ ရောက်ရှိနေသော CJMyanmar အဖွဲသား တစ်ဦးမှ သတင်းပေးပို့ပါသည်။

_______________________________________________________________________________________________________________________

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲရုံ ၈၄ ရုံရှိသည့်အနက် မဲရုံ ၃၀ ရေတွက်ပြီးရာ မဲရုံ ၂၈ ရုံ၌ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော် အနိုင်ရရှိနေကြောင်း CJMyanmar မှ သတင်းရရှိသည်။

_______________________________________________________________________________________________________________________

မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင် အပိုင်း ၂ NLD ရုံးသို့ မဲပေးခွင့် မရှိခဲ့သူများ လာရောက် စာရင်းပေးလျှက်ရှိရာ ယနေ့ နေ့လယ် ၂-နာရီခန့် လူဦးရေ ၁၀၀-ကျော်ခန့်ရှိကြောင်း သိရပါသည်။
NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက် အရ အစိုးရ ထိပ်ပိုင်းမှ ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း NLD ပါတီဝင်များ၏ မိသားစု ပါတီဝင်များအား ရပ်ကွက် အာဏာပိုင်များမှ နှောက်ယှက်မှုများ ပြုလုပ်နေသေးကြောင်း ပြောဆိုပါသည်။

_______________________________________________________________________________________________________________________

နေပြည်တော်မှ လေးနေရာအနက် NLD မှ ဦးနိုင်ငံလင်း (ဒက္ခိဏသီရိမြို့နယ်)နှင့် NLD မှ ဦးမင်းသူ (ဥတ္တရသီရီ မြို့နယ်) တို့အနိုင်ရရှိသွားကြောင်းသိရသည်။
NLD မှ ဦးဇေယျာသော်(ပုဗ္ဗသီရိမြို့နယ်)နှင့် NLD မှ ဒေါ်စန္ဒာမင်း(ဇမ္ဗူသီရိမြို့နယ်)တို့၏ ရလဒ်များမှာ ရေတွက်ဆဲဖြစ်သည်။
ဦးဇေယျာသော် အခြေအနေကောင်းနေသည်။

_______________________________________________________________________________________________________________________

ယခုအချိန်ထိ ရရှိသော သတင်းအရ ကျောက်ပန်းတောင်းတွင် NLD မှ ဒေါက်တာ ဇော်မြင့်မောင်က မဲအရေအတွက် ၂၀၀၀၀ (နှစ်သောင်း)ကျော်အသာဖြင့် အနိုင်ရလျက်ရှိပြီး
ပြင်ဦးလွင်တွင် NLD မှ ဦးကျော်သီဟက မဲအရေအတွက် ၃၀၀၀၀ (သုံးသောင်း)ကျော်အသာဖြင့် အနိုင်ရလျက်ရှိကြောင်း CJMyanmar က စုံစမ်းသိရသည်။
(အဆိုပါနေရာများတွင် မဲရေတွက်မှုများ မပြီးဆုံးသေးပါ)

_______________________________________________________________________________________________________________________

မန္တလေး ရဲမွန်တောင် မဲရုံ အမှတ် (၁) မဲရေတွက်မှုမှာ မပြီးစီးသေးဘဲ NLD ထောက်ခံသူ အများအပြား ရောက်ရှိလျှက်ရှိပြီး "အမေစု ကျန်းမာပါစေ" ဟု အော်ဟစ် ဆုတောင်းလျှက် ရှိကြောင်း သိရပြီး အခြေအနေ ရှုပ်ထွေးမှု မဖြစ်စေရန် မန္တလေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ မှ လာရောက် စောင့်ကြည့်လျှက် ရှိကြောင်း ယင်း မဲရုံသို့ ရောက်ရှိနေသော CJMyanmar အဖွဲသား တစ်ဦးမှ သတင်းပေးပို့ပါသည်။

_______________________________________________________________________________________________________________________

ရန်ကုန် NLD ရုံးချုပ်ရှေ က အောင်ပွဲ

_______________________________________________________________________________________________________________________

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု မဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမြင့်နိုင်က ၁၄၀၀ မဲ၊ ကြံ့ခိုင်ရေးက ၄၁၀ မဲ၊ ပယ်မဲ ၅၀ အဖြေထွက်ပါသည်။

_______________________________________________________________________________________________________________________

ရေဦးမဲဆန္ဒနယ်တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်က ၈၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း ရေဦး မြို့ခံတစ်ဦးမှ CJMyanmar သို့ သတင်းပေးပို့ပါသည်။
_______________________________________________________________________________________________________________________

မန္တလေး မဟာအောင်မြေ NLD ရုံးမှထုတ်ပြန်ပြောကြားချက်အရ နေရာ(၃၀)မှာ NLD မှ မဲ အပြတ်အသတ်ဖြင့်အနိုင်ရရှိကြောင်း ၄င်းရုံးရှေ့တွင်ရောက်ရှိနေသော CJ Myanmar အဖွဲသား တစ်ဦးမှ သတင်းပေးပို့ပါသည်။
______________________________________________________________________________________
မန္တလေး ၄၂လမ်း မဟာအောင်မြေရုံးရှေ့ (၁.၄.၂၀၁၂)ညနေပိုင်း အောင်ပွဲခံနေကြပုံ။

မဟာအောင်မြေ မဲဆန္ဒနယ်တွင် အနိုင်ရရှိသော ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် NLD မဟာအောင်မြေမြို့နယ်ရုံးသို့ရောက်ရှိလာစဉ်
(ဧပြီ ၁ ရက် ညနေမြင်ကွင်းပါ)

_______________________________________________________________________________________________________________________
 
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က မဲရုံသို့ မဲလာပေးသူ မောင်ရန်နိုင်စိုးသည် လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း၌ မဲဆန္ဒလက်မှတ်ပေါ်တွင် NLD ပါတီဘေးမှ အမှန်ခြစ်ပြီး မဲပုံးအတွင်းသို့ မထည့်မီ မဲရုံမှူး ဦးမောင်မောင်ခင် ထံ "ပယ်မဲဖြစ်မည်စိုး၍ သူမဲပေးသည်မှာ မှန်မမှန် ကြည့်ပေးရန်" သွားရောက်ပြသရာ မဲရုံမှူးက "၄င်းအား ရန်စ၊ စော်ကားသည်" ဟုယူဆပြီး အဆိုပါ မောင်ရန်နိုင်စိုးအား ဖမ်းဆီးရန် မဲရုံလုံခြုံရေးတာဝန်ယူထားသူများအား ညွှန်ကြားခဲ့ကြောင်း ကြားသိရသည်။

၂ နာရီခန့်အချုပ်အနှောင်ခံရပြီးနောက် မြို့နယ် NLD တာဝန်ရှိသူများက လာရောက် ကြားဝင်ဆောင်ရွက်ပေးမှပင် အဆိုပါ မောင်ရန်နိုင်စိုးမှာ ပြန်လွတ်မြောက်လာရကြောင်းသိရသည်။

_______________________________________________________________________________________________________________________

မန္တလေးမြို့တွင် NLD ၏ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုအတွက် NLD ထောက်ခံသူများ မြို့တွင်းအနှံ့အပြား ပျော်ရွှင်စွာ အောင်ပွဲခံလျှက်ရှိရာ ကြံ့ခိုင်ရေးရုံးပါတ်လည်တွင် လုံခြုံရေးများ ရဲတပ်ဖွဲ့ဝင်များ တစ်ရာခန့်ချထားကြောင်း အချုပ်ကားများလဲ အဆင်သင့် ပြင်ဆင်ထားကြောင်း တွေ့မြင်ခဲ့ရသည်ကို စီဂျေအဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့လိုက်ပါသည်။
_______________________________________________________________________________________________________________________

ဇေယျာသော်

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲရုံ ၈၄ ရုံရှိသည့်အနက် မဲရုံ ၇၀ရေတွက်ပြီးရာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော် က မဲ၁၀၀၀၀ ကျော်အနိုင်ရရှိနေကြောင်း CJMyanmar မှ သတင်းရရှိသည်။

_______________________________________________________________________________________________________________________
မန်းမြို့အောင်ပွဲခံ ပရိသတ်

_______________________________________________________________________________________________________________________

ဧရာဝတီတိုင်းမဲဆန္ဒနယ်အားလုံးတွင်NLDမှ အနိုင်ရရှိကြောင်းခိုင်လုံသော သတင်းရင်းမြစ်တစ်ခုမှသိရှိရသည်။

_______________________________________________________________________________________________________________________

ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်

______________________________________________________________________________________

ပြင်ဦးလွင်မြို့နယ် NLD ပါတီကိုယ်စားလှယ် ဦးကျော်သီဟမှ ၆၁.၄% ဖြင့် အနိုင်ရရှိကြောင်း CJMyanmar မှ သတင်းရရှိပါသည်။

______________________________________________________________________________________

အထူးသတင်း...........................၂၀း၁၅နာရီ

တံတားဦးမြို့နယ်သို့ ဦးအောင်သောင်းရောက်ရှိလာပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဖိအားများလာပေးသောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ NLD၏ အနိုင်ရလဒ်ကို မကြေငြာရဲဘဲ ဖြစ်နေပ်သည် ဟု တံတားမြို့ခံ ပြည်သူပြည်သားများမှ သတင်းပေးပို့ပါသည်။by Right Bean

______________________________________________________________________________________
ည (၁၀)နာရီ (၄၅)မိနစ်အထိ ဆီဒိုးနားရှေ့ မန္တလေးကျုံးနဘေးတွင် မီးရှူးမီးပန်းများ လွှတ်ကာ အောင်ပွဲခံနေကြသည်။ ကြံ့ခိုင်ရေးပါတီရုံးဝန်းကျင်တွင်လည်း လုံခြုံရေးများစွာ ချထားပြီး... အကြမ်းဖက်နှိမ်နှင်းရေး လုံထိန်းများပင် ပါဝင်ကြောင်းတွေ့ရသည်။

ည (၁၀)နာရီ (၄၅)။

မန္တလေးမြို့ ညနက်ပိုင်းတွင် အောင်ပွဲခံ NLD ထောက်ခံသူများက ကြံ့ခိုင်ရေးပါတီ တိုင်းရုံးရှေ့တွင် အောင်ပွဲခံမှုများ ကျင်းပလျှက်ရှိရာ လုံခြုံရေးများမှ လမ်းများပိတ်ဆို့ပြီး လူစုခွဲမှုများ ဆောင်ရွက်နေရဟု သတင်းရရှိပါသည်။ ကျုံးဘေးတလျှောက်တွင်လည်း စည်တန်း လှည့်လည်မှုအချို့ ရှိကြောင်းလည်း ကြားသိရပါကြောင်း

ဧပြီ ၁ ည ၁၁:၁၅ ၊ ၇၃ နှင့် ၂၈ လမ်းထောင့်တွင် ရဲတပ်ဖွဲ့များ လာရောက်၍ အခုလို လမ်းပိတ်ခဲ့ပါတယ် ဓာတ်ပုံ - နေသီဟ

______________________________________________________________________________________

မန္တလေးမြို့ ညနက်ပိုင်းတွင် အောင်ပွဲခံ NLD ထောက်ခံသူများက ကြံ့ခိုင်ရေးပါတီ တိုင်းရုံးရှေ့တွင် အောင်ပွဲခံမှုများ ကျင်းပလျှက်ရှိရာ လုံခြုံရေးများမှ လမ်းများပိတ်ဆို့ပြီး လူစုခွဲမှုများ ဆောင်ရွက်နေရဟု သတင်းရရှိပါသည်။ ကျုံးဘေးတလျှောက်တွင်လည်း စည်တန်း လှည့်လည်မှုအချို့ ရှိကြောင်းလည်း ကြားသိရပါကြောင်း
မန္တလေး ၇၃လမ်း၂၈လမ်းထောင့် ၂.၄.၂၀၁၂မနက်၀၀:၃၀အချိန်ထိ။
NLD ချစ်သူတွေနဲ့ NLDအဖွဲ့သားတွေက ရဟန်းရှင်လူ ပြည်သူတွေကို ထိန်းနိုင်ခဲ့ပါတယ်။

၂၆လမ်း ၇၃ထောင့် NLDချစ်သူတွေ အောင်ပွဲခံစဉ်

၇၃ လမ်း ကြံ့ခိုင်ရေးရုံး ရှေ့မြင်ကွင်း

မုန့် လုံးရေပေါ် နှင့် မန်းသူ/မန်းသားများ

ဆီဒိုးနာ ဟိုတယ်ရှေ့မှ မီးပန်းများတွေ့ ရစဉ် __Ko Phyo

______________________________________________________________________________________

______________________________________________________________________________________

တံတားဦးမှ မဲရုံ သတင်း

သတင်း နှင့် ဓာတ်ပုံ - စူပါ