CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, June 30, 2012

CJMyanmar ၏ တစ်ကွက်ကာတွန်း အစီအစဉ်







ရခိုင်ပြည်နယ်တွင် လတ်တလော ဘေးဒုက္ခရောက်နေကြသည့် တိုင်းရင်းသား ပြည်သူများကို လှူဒါန်းရန် အတွက် တရားပွဲ ကျင်းပ


(Friday, June 29, 2012)



မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း နှင့် ၄၅ လမ်းထောင့် ရှိ သာသနာ ၂၅၀၀ - ဓမ္မာရုံ၌ ဇွန်လ(၂၇)ရက်နေ့ ည(၈နာရီခွဲ) က ''ရခိုင်ပြည်နယ်တွင် လတ်တလော ဘေးဒုက္ခရောက်နေကြသည့် တိုင်းရင်းသား ပြည်သူများကို လှူဒါန်းရန် အတွက် တရားပွဲ ကျင်းပလှူဒါန်းကြရာ ''အရှင်ဝီရသူ'' မှ ''တွေးစမနေ နဲ့ ဖေးမလေကွဲ့'' တရားတော်ကို ဟောကြားခဲ့သည်။
တရားပွဲသို့ တရားနာ အလှူရှင် ပရိတ်သတ် ၆၅၀ ခန့် တက်ရောက် တရားနာခဲ့ကြပြီး အလှူငွေ သိန်း ၂၀ ခန့်ပါဝင်လှူဒါန်းခဲ့ကြကြောင်း CJMyanmar မှ သတင်းရရှိသည်။


သတင်းနှင့်ဓါတ်ပုံ : တမာပင်

ရခိုင်ပြည်နယ်မှ ဘေးဒုက္ခရောက် ပြည်သူများအတွက်


(Friday, June 29, 2012)


 အလှူပစ္စည်းများ
 Real Friends Dancers အဖွဲ့

 အခမ်းအနား တက်ရောက်လာကြသူများ၊ အလှူရှင်များ၊
 MTG ( Mobile Trading Group) ၏ MD ကိုမင်းသန့်

 လူငယ်မျက်လှည့်ပညာရှင် Mr. Zero နှင့် ပါဝင်ကူညီ ပြသသူများ

 အဖြုရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ကချင်ဒေသမှ ဒုက္ခသည်များအား လှူဒါန်းနေမှုများကိုလည်း ရှင်းလင်းတင်ပြ
 Peace Weapon Band အဖွဲ့

MTG ( Mobile Trading Group) မှ မတည်အလှူငွေကျပ် ၁၅ သိန်း
 မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊
 မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊
 ဦးစန်းအောင်ခေါ်မောင်မြတ်မှိုင်း နှင့် ပန်တျာဒေါ်ဌေးဌေးမြင့် (လမင်းတစ်ရာမိသားစု) မှ အလှူငွေကျပ် ၅၀၀၀၀၊



 Greatwall Shopping Center ရှိ MTG ( Mobile Trading Group) ၏ ဦးဆောင်မှုဖြင့် Greatwall Shopping Center မှဆိုင်ခန်းရှင်များ၊ အလှုရှင် မိဘပြည်သူများက ရခိုင်ပြည်နယ်မှ ဘေးဒုက္ခရောက် ပြည်သူများအတွက် အလှုငွေနှင့် အလှူပစ္စည်းများ လွဲပြောင်းပေးအပ် လှုဒါန်းပွဲ အခမ်းအနား
 သတင်း နှင့် ဓါတ်ပုံ CJM 024

Friday, June 29, 2012

ရခိုင်ပြည်နယ်မှ ဘေးဒုက္ခရောက် ပြည်သူများအတွက် Greatwall Shopping Center မှဆိုင်ခန်းရှင်များ၊ အလှုရှင် မိဘပြည်သူများရဲ့ အလှူပွဲ

(Friday, June 29, 2012)


မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ Greatwall Shopping Center ရှိ MTG ( Mobile Trading Group) ၏ ဦးဆောင်မှုဖြင့် Greatwall Shopping Center မှဆိုင်ခန်းရှင်များ၊ အလှုရှင် မိဘပြည်သူများက ရခိုင်ပြည်နယ်မှ ဘေးဒုက္ခရောက် ပြည်သူများအတွက် အလှုငွေနှင့် ပစ္စည်းများကို စိမ်းရောင်စို Activities သိုလွဲပြောင်းပေးအပ် လှူဒါန်းပွဲကို ယနေ့နံက် ၁၀ နာရီက Greatwall Shopping Center တွင် ကျင်းပပြုလုပ်သည်။
          အခမ်းအနားသို့ အလှူရှင်များ၊ စိမ်းရောင်စို Activities မှ တာဝန်ရှိသူများ၊ ဖတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။
   အခမ်းအနားတွင် MTG ( Mobile Trading Group) ၏ MD ကိုမင်းသန့်မှ ပရဟိတအလှူငွေ ဦးဆောင်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြကာ စာရေးဆရာညီစေမင်းမှ မုဒိတာစကား ပြောကြားသည်။ ထိုနောက် အဖြုရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုမှ ကချင်ဒေသမှ ဒုက္ခသည်များအား လှူဒါန်းနေမှုများကိုလည်း ရှင်းလင်းတင်ပြကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား Real Friends Dancers အဖွဲ့၊ လူငယ်မျက်လှည့်ပညာရှင် Mr. Zero နှင့် Peace Weapon Band အဖွဲ့များက အက၊ မျက်လှည့်၊ တေးဂီတများဖြင့် ဖြေဖျော်တင်ဆက်ကြသည်။
MTG ( Mobile Trading Group) ၏ MD ကိုမင်းသန့်
စာရေးဆရာညီစေမင်း

အဖြုရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘို
 Peace Weapon Band အဖွဲ့          ထိုနောက် လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ MTG ( Mobile Trading Group) မှ မတည်အလှူငွေကျပ် ၁၅ သိန်း၊ မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊ Greatwall Shopping Center မှ ဆိုင်ခန်းရှင်များ စုပေါင်းလှူဒါန်းငွေ ၆၈၃၂၀၀ ကျပ်၊ စိန်ဝင်းဝင်း ကဖေးမှ အလှူခံရရှိငွေ ၅၅၀၀၀ ကျပ်၊ အောင်ထွန်းထွန်း ကဖေးမှ အလှူခံ ရရှိငွေ ၂၀၁၅၀၀ ကျပ်၊ ဒါနသီလ ဘုံဆွမ်းလောင်းအသင်း အခမဲ့ သွေးလှူရှင်များအဖွဲ့မှ အလှူငွေ ၇၅၀၀၀ ကျပ်၊ ဦးစန်းအောင်ခေါ်မောင်မြတ်မှိုင်း နှင့် ပန်တျာဒေါ်ဌေးဌေးမြင့် (လမင်းတစ်ရာမိသားစု) မှ အလှူငွေကျပ် ၅၀၀၀၀၊ ကိုသားငယ် မနွေးနွေး (ရေဦးပွဲရုံ) မှ အလှူငွေကျပ် ၃၀၀၀၀၊ ဦးကျော်ဝင်း ဒေါ်အေးသီ (ရွှေပျား ဓာတ်မြေသြဇာ ရောင်းဝယ်ရေး) မှ ဆန် ၁၀ အိတ်နှင့် အလှူရှင် တစ်ဦးမှ မှ မုန့်သေတ္တာ ၅ လုံး အပါအဝင် ငွေကြေး၊ အစားအသောက်၊ အထွေထွေပစ္စည်းများ ပါဝင် လှူဒါန်းကြရာ စိမ်းရောင်စို Activities မှ တာဝန်ရှိသူများက လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း CJMyanmar မှသတင်းရရှိသည်။
 MTG ( Mobile Trading Group) မှ မတည်အလှူငွေကျပ် ၁၅ သိန်း၊
 မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊

သတင်း နှင့် ဓါတ်ပုံ CJM 024

https://www.facebook.com/media/set/?set=a.263185450451937.47795.202664583170691&type=1

ရေကြီးမှုကြောင့် မြစ်ကြီးနားတွင် အိမ်ထောင်စု (၈၀၀)ခန့်အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရ


(Thursday, June 28, 2012)



"ရေကြီးမှုကြောင့် မြစ်ကြီးနားတွင် အိမ်ထောင်စု (၈၀၀)ခန့်အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရ"

(28.6.2012), By CJMyanmar

(၂၆၊ ၆၊ ၂၀၁၂)ရက်က ရေကြီးမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရပ်ကွက်အချို့တွင် ရေကြီးရေ၀င်ခဲ့ရာ နောက်ဆုံးရရှိသော သတင်းအရ ရေ၀င်ခဲ့သော ရပ်ကွက်များမှ အတိဒုက္ခရောက်နေသူ အိမ်ထောင်စု (၈၀၀)ခန့်၊ လူဦးရေ လေးထောင်ကျော်အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း CJMyanmar က သတင်းရရှိသည်။

ကယ်ဆယ်ရေးစခန်းများကို အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်း အနည်းဆုံး (၉)ခု ရှိသည်ဟု သိရသည်။

ပြည်တွင်းစစ်မီးကြောင့် ပြေးရှောင်ရသူများအတွက် ပြီးခဲ့သော တစ်နှစ်တာကာလအတွင်း ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားခဲ့ရရာ ယခု ရေဘေးကြောင့် ဒုက္ခသည်စခန်းအသစ်များ ကချင်ပြည်နယ်တွင် ထပ်မံတိုးလာရပြန်သည်။

ရခိုင်ပြည်နယ်တွင်လည်း ပြီးခဲ့သောလအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားခဲ့ရသည်။

(CJMyanmar ၏ CJ တစ်ဦး ပေးပို့သည်)

Thursday, June 28, 2012

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရခိုင်တိုင်းရင်းသားဒုက္ခသည်များနေထိုင်ရာ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇွန်လကုန်ပိုင်းတွင် တွေ့မြင်ရစဉ်

(Wednesday, June 27, 2012 )

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရခိုင်တိုင်းရင်းသားဒုက္ခသည်များနေထိုင်ရာ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇွန်လကုန်ပိုင်းတွင် တွေ့မြင်ရစဉ်

(CJMyanmar ၏ Citizen Journalist တစ်ဦး ပေးပို့သည်)

" မြန်မာအသင်းခြေစစ်ပွဲအောင်ဖို့ ကွင်းထဲအရောက် အားပေးစို့ "

(Wednesday, June 27, 2012 )


 " မြန်မာအသင်းခြေစစ်ပွဲအောင်ဖို့ ကွင်းထဲအရောက် အားပေးစို့ "
ဆိုင်းဘုတ်အား ရန်ကုန်မြို့တစ်နေရာတွင် စိုက်ထူထားသည်ကို
(၂၆-၆-၂၀၁၂)နေ့က တွေ့မြင်ရစဉ်

By CJM 030

AFC U-22 CHAMPIONSHIP 2013 QUALIFIERS
Group (G) - မြန်မာ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်

၂၃-၆-၂၀၁၂
မြန်မာ ၅ ဂိုး - ဖိလစ်ပိုင် ၁ ဂိုး
၂၅-၆-၂၀၁၂
မြန်မာ ၃ ဂိုး - ဗီယက်နမ် ၁ ဂိုး
၂၈-၆-၂၀၁၂ (ညနေ ၆း၁၅ နာရီ၊ သုဝဏ္ဏ္ဏကွင်း)
မြန်မာ ? ဂိုး - တောင်ကိုရီးယား ? ဂိုး
၃၀-၆-၂၀၁၂ (ညနေ ၃း၁၅ နာရီ၊ သုဝဏ္ဏ္ဏကွင်း)
မြန်မာ ? ဂိုး - ထိုင်ဝမ် ? ဂိုး
၃-၇-၂၀၁၂ (ညနေ ၆း၁၅ နာရီ၊ သုဝဏ္ဏ္ဏကွင်း)
မြန်မာ ? ဂိုး - မလေးရှား ? ဂိုး


http://www.the-afc.com/en/u22ac-schedule-results?type=Stage&id=132

ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၁/၆တွင် မိတ္ထိလာမှ မန္တလေးသို့မောင်းနှင်လာသော လမ်းအလုပ်သမားများတင်ဆောင်လာသည့် ဟိုင်းလက်အမျိုးအစားကားတစ်စီး တိမ်းမှောက်

(Wednesday, June 27, 2012 )

ဇွန်လ (၂၇)ရက်၊ ညနေ (၅)နာရီဝန်းကျင်တွင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၁/
၆တွင် မိတ္ထိလာမှ မန္တလေးသို့မောင်းနှင်လာသော လမ်းအလုပ်သမားများတင်ဆောင်လာသည့် ဟိုင်းလက်အမျိုးအစားကားတစ်စီး တိမ်းမှောက်ကြောင်း သိရှိရသည်။ အဆိုပါကားပေါ်တွင် အလုပ်သမား ၂၂ဦးပါရှိပြီး အားလုံးကို တံတားဦးဆေးရုံတွင် တင်ထားကြောင်း၊ (၁)ဦးမှာ တံတားဦးဆေးရုံတွင် သေဆုံးသွားကြောင်း၊ လိုအပ်ပါက မန္တလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံတွင်ရောက်ရှိနေသော လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ CJ Myanmar ကိုပြောကြားသည်။

Wednesday, June 27, 2012

"ကရင်ပြည်နယ်မှာလည်း မိုးကြောင့် ရေလျှံ"


(Wednesday, June 27, 2012 )


မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်မြို့အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်နည်းတူ ကရင်ပြည်နယ်တွင် ယမန်နေ့ (၂၆၊ ၆၊ ၂၀၁၂) ညနေပိုင်းက စတင် ရွာသွန်းခဲ့သည့် သည်းထန်မိုးကြောင့် ယနေ့ (၂၇၊ ၆၊ ၂၀၁၂)တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၏ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း CJMyanmar ၏ CJ သတင်းထောက်တစ်ဦးက သတင်းပေးပို့ပါသည်။

Tuesday, June 26, 2012

အင်းတော်မြို့နယ် မော်လူးဒေသ ဥသျှစ်ကုန်းရွာမှ ရေတင်မရသေးတဲ့ စည်ပင် စက်ရေတွင်း


(Monday, June 25, 2012 )


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဥသျှစ်ကုန်းရွာတွင် သောက်သုံးရေရှားပါးလျှက် ရှိနေသဖြင့် ကျေးရွာနေ ပြည်သူများ ရေရှားပါးမှု ဒုက္ခကြုံတွေ နေကြရကြောင်း သိရသည်။
            ဥသျှစ်ကုန်းရွာသည် အင်းတော်မြို့နယ်နှင့် မိုင် ၂၀ ခန့် ဝေးကွာပြီး လျှပ်စစ်မီး မရရှိသည့် ဒေသဖြစ်ကာ သောက်သုံးရေ အတွက် ရေတွင်း၊ တုံကင်တွင်းများလည်း တူးဖော်မရနိုင်သောကြောင့် ရွာအနီးမှ ချောင်းငယ်တစ်ခုကို အားကိုးနေရကာ ထိုချောင်းငယ်မှာလည်း နွေရာသီတွင် ရေအလွန်နည်းသဖြင့် ချောင်းကောမှ မသန့်ရှင်းသည့်ရေကို ကျေးရွာလူထုမှ အားထား  သုံးစွဲနေကြရသည်။
            ထိုအခြေအနေကြောင့် နိုင်ငံတော်မှ စက်ရေတွင်းတူဖော်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ချမှတ်ပေးခဲ့ရာ  စက်ရေတွင်းကို အင်းတော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၃.၁၂.၂၀၀၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁.၁.၂၀၀၄တွင် ပြီးစီးခဲ့သည်ဟုသိရပြီး ထိုစက်ရေတွင်းကို (၂"x၂")တွင်း၊ ရေထွက်နှုန်း တစ်နာရီ ဂါလံကိုးရာဟု ဖော်ပြခဲ့သော်လည်း ရေကို စုပ်ယူနိုင်ရန်အတွက် အင်ဂျင်ကိုမူ တပ်ဆင်ပေးနိုင်ခဲ့ခြင်း မရှိသဖြင့် ကျေးရွာလူထု ယနေ့တိုင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

  လက်ရှိ အချိန်တွင် ကျေးရွာမှ ထိန်းသိမ်းစောင့်ရှောက် ထားသည့် ထိုစက်ရေတွင်းလေးကို ကျေးရွာပြည်သူများ အသုံးပြုနိုင်စေရန် လိုအပ်လျှက်ရှိသည့် ရေတင်အင်ဂျင်မော်တာ စက်တစ်လုံးကို နိုင်ငံတော်မှ တပ်ဆင်ပေးနိုင်ပါရန် မျှော်လင့်လျှက်ရှိကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်းနှင့်ဓါတ်ပုံ : မာန်ဟုန်ငယ် (မော်လူး)

ရခိုင်ပြည်နယ်ရောက် ပြည်တွင်းသတင်းဂျာနယ်ဌာနများမှ သတင်းထောက်အချို့

(Monday, June 25, 2012 )




ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကူညီရန် ကြွချီလာသော ဆရာတော်ဘုရားများ


(Monday, June 25, 2012 )


ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် Air Mandalay လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော အလိုတော်ပြည့်ဆရာတော်ဘုရားကြီး

(ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်)

Venerable A Lo Taw Pyae Sayardaw has arrived to Sittwe on June 25, 2012, at 9:30am with Air Mandalay Flight to help the victims in Rakhine State.

(A CJ from CJ Myanmar in Rakhine reported this news)

 ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကြီးကျွန်းရွာဇာတိ တိပိဋကဓရဘွဲ့ရဆရာတော် ဦးအိန္ဒပါလ

(ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်)