CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, October 30, 2012

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီ အရုဏ်ဦးပုံရိပ်များ

သတင်း နှင့် ဓာတ်ပုံ -  CJM-013
ရန်ကုန်မြို့၊ အောက်တိုဘာလ (၃၀)ရက်


















ဆင်လှူပွဲတော် ၂၀၁၂ ကျောက်ဆည်မြို့

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
ကျောက်ဆည်မြို့၊ အောက်တိုဘာလ (၂၉)ရက်




















၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့ နယ်ရွှေသာလျောင်းဘုရားဆင်အလှူပွဲတော်အထိမ်းအမှတ် အကြိုဆင်အကအလှပြိုင်ပွဲကိုကျောက်ဆည်မြို့ ဆင်ကုန်းဗဟိုမဏ္ဍပ် တွင်ယနေ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ တွင်ကျင်းပပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

Thursday, October 25, 2012

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ အောက်တိုဘာလ (၂၅)ရက်


မန္တလေးမြို့.မှာ GSM/UTMS မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် လာမယ့် ၂၇ ရက်နေ့ နံနက် ၂း၀၀ နာရီ ဝန်းကျင်မှာ ၁၀ မိနစ်ခန့် ဆက်သွယ်မှု ယာယီ ပြတ်တောက်မှာ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေငြာထားပါတယ်။

ပုသိမ်-ရန်ကုန် ရထားလမ်းပျက်စီးမှု

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
ရန်ကုန်မြို့၊ အောက်တိုဘာလ (၂၃)ရက်


ယခုနှစ်ဧရာဝတီတိုင်းတွင်ရေကြီးရေလျှံမှုမှုများဖြစ်ပေါ်ပြီးပျက်ဆီးသွားသော(၂၀၁၃ တွင်စတင်ပြေးဆွဲမည့် ) ရန်ကုန်-ပုသိမ် ရထားလမ်း ပုသိမ်-အိမ်မဲလမ်းပိုင်း ရှိရထားလမ်းအား ပြုပြင်ထားမှုများကို CJတစ်ဦးမှတွေ့ ရှိမှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ အဆိုပါရထားလမ်းသည် လူစီးနှင့် ကုန်တင်ရထားများဖြတ်သန်းသွားလာမည်ဖြစ်ရာရထားလမ်း ၏ကြံ့ ခိုင်မှုအတွက် မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရှိရပါသည်။
သတင်း နှင့် ဓာတ်ပုံ -  CJM-192
အောက်တိုဘာလ (၂၂)ရက်


သမ္မတ ဦးသိန်းစိန်ကို ၎င်း၏ပထမဦးဆုံး ပြည်တွင်းတွင် ပြုလုပ်သော ပြည်တွင်း၊ ပြည်ပ မီဒီယာများအတွက် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်.
သတင်း နှင့် ဓာတ်ပုံ -  CJM-031
မန္တလေးမြို့၊ အောက်တိုဘာလ (၂၁)ရက်


မန်းလေးမြို့ လမ်း၈၀ ၁၅ လမ်း နှင့် ၁၄ လမ်းကြားတွင် ၂၁.၁၀.၁၂ ညနေ ၃နာရီ ၃၀ တွင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။အဆိုပါယာဉ်တိုက်မှုကြောင့် ဓါတ်တိုင်မှာ လမ်းပေါ်သို့ တိမ်းစောင်းနေပါသည်။

Saturday, October 20, 2012

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ အောက်တိုဘာလ (၂၀)ရက်


သီတင်းကျွတ်လဆန်း (၇)ရက်မှ (၁၁)ရက်နေ့ထိကျင်းပသော မတ္တရာမြို့ မြို့ထောင့်ရွှေဂူ ဘုရားပွဲတော်၌ 'မတ္တရာလွင်ပြင်' ပညာသင်ထောက်ပံ့ရန်ပုံငွေအဖွဲ့ သည် ကာတွန်းဆရာများဖြစ်ကြသော ဇော်မောင် စောမင်းဝေ အော်ပီကျယ် ဖေသစ်တည် မိုးထက်မိုး နိုင်လင်း အာကာ တော်တီ တို့ ၏ ကာတွန်းရုပ်များကို တီရှပ် အင်္ကျီများတွင် ရိုက်နှိပ်ရောင်းချပြီး မတ္တရာမြို့နယ် ရေနံ့သာရွာရှိ ဆရာတော် ဦးဝိလာသ ဂ္ဂ ဦးစီးတည်ထောင်ထားသော ပရဟိတ ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေး မူလတန်းလွန်ကျောင်းအား ထောက်ပံ့ငွေ လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကျင်းပချိန်အတွင်း ကာတွန်းဆရာများဖြစ်ကြသော အာကာ ဖေသစ်တည် ရဲနှောင်း တော်တီ တို့မှ ရုပ်ပြောင်ပုံတူများ ရေးဆွဲပြီး အလှူငွေ ဝိုင်းဝန်းကူညီ ရှာဖွေပေးကြမှာ ဖြစ်ကြောင်း CJmyanmar မှ သိရှိရသည်။

လက်ဆောင်ယူသည်ဟု စွပ်စွဲခံရသူ သတင်းသမားများမှ သတင်းစာ ရှင်းလင်းပွဲ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ အောက်တိုဘာလ (၂၀)ရက်


ဦးကြည်အောင် ခ လှိုင်ထွေးအောင်မှရှင်းလင်း
နန်းမြင့်ဂျာနယ် အယ်ဒီတာချုပ် ဆွေနိုင်စစ် က မေးမြန်း
အထက်မြန်မာဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုစောခိုင်က ရှင်းလင်း
ဧရာဝတီသတင်းဌာနမှမန်းသားလေးက မေးမြန်း
လက်ဆောင်ယူသည်ဟု စွပ်စွဲခံရသူ သတင်းသမားများမှ သတင်းစာ ရှင်းလင်းပွဲ
၁၇-၁၀-၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ သတင်းအား စွပ်စွဲခံရသူ မန္တလေး သတင်းသမားမှ ပြုလုပ်သော ရှင်းလင်းပွဲတွင် တက်ရောက်လာသူများအား ဝေငှသော ရှင်းလင်းချက်

Friday, October 19, 2012

ရှေ့နေများကွန်ယက်၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲ

သတင်း နှင့် ဓာတ်ပုံ -  CJM-192
ရန်ကုန်မြို့၊ အောက်တိုဘာလ (၁၇)ရက်


တရားရေးဆိုင်ရာ အဆောက်အဦးများကို မှုလအတိုင်း ပြန်လည်ထားရှိနိုင်ရေးအတွက် ရှေ့နေများကွန်ယက်၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ (၁၇)ရက်၊ ယနေ့ နံနက် ၁ဝနာရီအချိန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှစတင်၍ ဘဏ်လမ်းရှိ စုပေါင်း တိုင်းတရားရုံးကြီး ရှေ့အထိ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း CJ Myanmar မှ သိရသည်။

Monday, October 15, 2012

OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်ပြုမည်မဟုတ်ဟု သတင်းထုတ်ပြန်

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
အောက်တိုဘာလ (၁၅)ရက်


http://www.ministryofinformation.gov.mm/index.php/news/local-news/1097-2012-10-15-07-18-50.html

ရန်ကုန်သံဃာတော်များ OIC အရေး ဆန္ဒပြ

သတင်း နှင့် ဓာတ်ပုံ -  CJM-969
ရန်ကုန်မြို့၊ စက်တင်ဘာလ (၁၅)ရက်


သံဃာတော်များ OIC အရေး ဆန္ဒပြ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ အောက်တိုဘာလ (၁၅)ရက်


၂၀၁၂ ခုနစ်၊ အောက်တိုဘာလ(၁၅)ရက်၊ နေ့လည်(၁)နာရီ တွင်မန္တလေးမြို့ ၆၂လမ်းနှင့် သိပ္ပံလမ်းထောင့် မှ စ၍ သံဃာတော်အပါး (၂၅၀)ကျော်က OIC အရေး ဆန္ဒပြခဲ့သည်။ သိပ္ပံလမ်း ၆၂လမ်း မှ ၃၅ လမ်းထိ၊ ၃၅ လမ်းမှ ၅၈လမ်းထိ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အခမ်းအနား မြင်ကွင်း

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ အောက်တိုဘာလ (၁၅)ရက်


Saturday, October 13, 2012

Eleven ၏ရေးသားချက်အပေါ် မန္တလေးမြို့သူမြို့သားများသဘောထားထုတ်ပြန်

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊အောက်တိုဘာလ (၁၃)ရက်

နိုင်ငံတော် သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မြတောင်တိုက် အဓိပတိမဟာနာယက ဘဒ္ဒန္တသာသနာဘိဝံသ ရွှေဝါ၀င်းကျောင်းဆရာတော်ကြီးမှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးနေစဉ်။
မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးရာဇဓမ္မ မှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးပေးနေစဉ်။
မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်းနာယက ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ၊ အရှင်ဝီရသူမှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးနေစဉ်။
Bi Weekly Eleven ဂျာနယ်က “မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများရှိနေဆဲ” ဟု ရေးသားချက်အပေါ် မန္တလေးမြို့က ဆရာတော်သံဃာတော်ကြီးများ၊ မြို့မိမြိုဖများနှင့် မြို့သူမြို့သားများ၊ စာပေအနုပညာရှင်များ၊ သတင်းစာဆရာများ လက်မှတ်ရေးထိုး၍ သဘောထားထုတ်ပြန်ခဲ့ကြောင်း CJ Myanmar မှ သိရှိရသည်။